''ယိမ်းကို မချစ်တော့ဘူးလို့ ပြောရင် မောင် လိမ်ရာကျသွားမလား မမဟန်နီ''''တို့နားလည်ပါတယ် ၊ ယိမ်းကတော့ မင်းကို လွယ်လွယ်လက်ခံလိမ့်မယ်လို့မထင်ဘူး ''
''မောင်သိပါတယ် ၊ ဒါပေမဲ့ ယိမ်းကို မောင်ပျော်ရွှင်စေချင်တယ် ၊ ယိမ်းအတွက်ပျော်ရွှင်မှုတွေဖန်တီးပေးနိုင်တဲ့သူကလဲ မောင်ဘဲ ဖြစ်ချင်တယ်''
''ဒါနဲ့ ယိမ်းရဝီမောင်လေးက မင်းနဲ့အရမ်းတူတာဘဲ ချာတိတ်''
''ယိမ်းရဝီမောင်ဆိုတာက''
''ယိမ်းရဲ့ သမီးလေးလေ ၊ မကြာခင် ၃ နှစ်ပြည့်တော့မယ်''
''မမဟန်နီ ဒီတစ်ခေါက် မြန်မာပြည်ပြန်လာတာ ကိစ္စတစ်ခုခုရှိလို့လား''
''ထွေထွေထူးထူးတော့ မရှိပါဘူး ၊ မြန်မာနိုင်ငံက မင်းရဲ့သူငယ်ချင်း ဟန်နီအောင်ကို တို့ဒယ်ဒီက လာခေါ်ခိုင်းလို့လာခေါ်တာ''
တို့တော့ မင်းကို ယုံကြည်တယ်ချာတိတ် မင်းနဲ့သာဆို သေချာပေါက် ယိမ်းက ပျော်ရွှင်လိမ့်မယ်ဆိုတာ၊ ယိမ်းလဲ မင်းအပေါ်မှာ ခံစားချက်တွေရှိနေသေးတယ်ဆိုတာ တို့သိတယ်
''မမဟန်နီသိပြီးပြီလား''
''ဘာကိုလဲ ချာတိတ်''
''ဟန်နီအောင်လေ ၊ ဘာမှမဟုတ်တော့ပါဘူး မမဟန်နီ ကိုယ်တိုင်ဘဲ မေးကြည့်လိုက်တော့😁''
''ဒီသူငယ်ချင်းနှစ်ယောက် ဘာမဟုတ်တာတွေလုပ်ထားလဲမသိဘူး တို့တော့ မျက်ခုံးခပ်လှုပ်လှုပ်ဘဲ''
''ဟီးဟီး 😁၊ မောင်ကဘာမှမလုပ်ထားပါဘူး မမဟန်နီရဲ့ လုပ်ထားတဲ့သူက ဟန်နီအောင်''
''နောက်မှ ဒင်းလေးနဲ့တွေ့မယ်''
ဟန်နီအောင်ရေ င့ါကိုစိတ်မဆိုးပါနဲ့ဟာ ငါတော့ မမဟန်နီ ကို ချွန်လိုက်ပြီ😁
ဒီလိုနဲ့ မမဟန်နီ ကို မမသန္တာတို့အိမ်ကိုပို့ပြီး မောင်ပြန်လာခဲ့လိုက်သည်။
......ညနေကျောင်းက ပြန်လာတော့ သမီးလေးက မောင့်အကြောင်းဘဲ ယိမ်းကို မေးနေခဲ့တယ်။
''မေမေ ၊ ဂိုဂိုက ဘယ်သွားတာယဲ၊ မီးမီးကိုလဲနှုတ်ဆက်ဝါးဘူး ညနေက''
YOU ARE READING
တီချယ် ယိမ်း (သို့) မောင့်ရဲ့ ယိမ်း
Romanceအမျိုးသမီးတစ်ယောက်ကို အမျိုးသမီးတစ်ယောက်က မြတ်နိုးမိတာဟာ အပြစ်လား၊ ဒါဟာ အပြစ်ဆိုရင် မောင်ကြည်ကြည်ဖြူဖြူနဲ့ ခံယူပစ်လိုက်မယ် ယိမ်း။ အတ္တတွေ ၊ မာနတွေ ကြီးတဲ့သူတွေသာ မရှိခဲ့ရင် မောင်တို့ ပျော်ရွှင်စရာ အမှတ်တရတွေ အများကြီးကို ဖန်တီးနိုင်ခဲ့မှာ။