Part 33

2.1K 111 13
                                    


''ငွေတော်တာရောင်ခြည် ထိန်လင်းတော့မည်..''

စာအိတ်ကို ဖွင့်မလို့လုပ်တုန်း စားပွဲပေါ်မှာတင်ထားတဲ့ မောင့်ရဲ့ ဖုန်းက ရုတ်တရက် ထမြည်လာခဲ့သည်။ထို့ကြောင့် ဖုန်းကို ကောက်ကိုင်လိုက်သည်။ Contact မမှတ်ထားတဲ့ ဖုန်းနံပါတ်စိမ်း တစ်ခုဖြစ်နေခဲ့သည်။

''ဟယ်လို ''

''အိမ့်ခြူးမောင်လား ''

''ဟုတ်ပါတယ် ၊ ဒါနဲ့ အခုပြောနေတာ ဘယ်သူလဲ မသိဘူး''

''ဟဲ့ ငါဝါလင်းလေ ''

'' မဝါလင်းလား''

''အေး ဟုတ်တယ် မဝါလင်းဘဲ၊ ငါ့မှာ နင့်ဖုန်းနံပါတ်ကိုရအောင် မနည်းကြီးစုံစမ်းလိုက်ရတယ် နင်က ပျောက်ချက်သားကောင်းလိုက်တာဟာ''

''မဟုတ်ပါဘူး မဝါလင်းရဲ့ ၊ဒီအတိုင်း မောင်အလုပ် ​ေတွများနေလို့ အဆက်သွယ်မလုပ်ဖြစ်တာပါ''

''ထားပါတော့ အဲ့တာတွေ နောက်မှဘဲပြောတော့မယ်၊ ဒါနဲ့ ဒီနှစ်ကျောင်းသားဟောင်းတွေ့ဆုံပွဲကို နင်လာမယ်မလား မောင်''

''မောင် မအား''

မောင်စကားမဆုံးခင် မဝါလင်း​က စကားကိုဖြတ်ပြောလိုက်သည်။

''နင်ကလဲဟာ မအားဘူးဆိုပြီးလုပ်မနေပါနဲ့ အရင်နှစ်တွေကလဲ နင်လာတာမဟုတ်ဘူး ဒီနှစ်တော့လာခဲ့ပါဟာ ငါတို့မတွေ့ရတာလဲ ကြာနေပြီ''

''ဒါပေမဲ့''

''ဒါပေမဲ့တွေဘာတွေ လုပ်မနေနဲ့ မောင်၊ နင်ရောက်အောင်လာခဲ့ရမယ် တီချယ် စိမ်း နဲ့ တခြားတီချယ်တွေလဲ နင့်ကို တွေ့ချင်နေကြတယ်၊ လာခဲ့ပါဟာ ငါ့ရည်းစားလေးနဲ့လဲ နင့်ကိုမိတ်ဆက်ပေးချင်လို့ပါ😁''

အဲ့ထဲမှာ ယိမ်းရောပါလား ။ ယိမ်းကရော မောင့်ကိုတွေ့ချင်ပါ့မလား ။ မောင့်ကိုတွေ့ရင်ရော ယိမ်း အနေခက်နေမလား မေးခွန်းများစွာနဲ့ အတွေးတွေဟာ ခေါင်းထဲကို အလိုလို ဝင်လာခဲ့သည်။

''မောင်လာခဲ့ပါ့မယ်''

''ဆက်ဆက်လာခဲ့နော် မောင် ငါတို့စောင့်နေမယ်၊ နင်မလာလို့ကတော့ ငါတို့သူငယ်ချင်းသံယောဇဥ်ကိုဖြတ်ပစ်မှာနော်''

တီချယ် ယိမ်း (သို့) မောင့်ရဲ့ ယိမ်းWhere stories live. Discover now