Part 59

2.4K 134 29
                                    


''ဟဲ့ ဟိုမှာ မြညို ဘုန်းကြီးကျောင်းကို ဆွမ်းချိုင့်သွားပို့ပြီး ပြန်လာတာထင်တယ်''

''အေး ငါတို့ သွားမေးကြည့်မလား''

''ကောင်းပမလား လုံးတင်ရယ် ''

''ဘာမကောင်းစရာရှိလို့လဲ ကျုပ်တို့က သေချာအောင်မေးကြည့်တာလေတော်''

မလုံးတင်နဲ့ ဂွတ်ထော်မလဲ ဆွမ်းချိုင့်ပို့ပြီးပြန်လာတဲ့ မြညိုအနားကို လျှောက်လာခဲ့ကြသည်။

''မြညို ဘယ်ကပြန်လာတာလဲ တော့''

''ဆွမ်းချိုင့်သွားပို့ပြီး ပြန်လာတာပါ မလုံးတင်''

''ဘာနေ့မို့လို့လဲ မွေးနေ့ရှိလို့လား''

''မဟုတ်ပါဘူး မလုံးတင်ရယ် လူတစ်ယောက်အတွက် ကောင်းမှူကုသိုလ်လုပ်ပေးနေတာပါ''

''အဲ့ဒီလူတစ်ယောက်ဆိုတာ ဘယ်သူလဲ တော့် ကျုပ်တို့လဲ မသိရပါလား ''

မြကို မယုံသက်ာပုံစံနဲ့ စစ်မေးနေတဲ့ မလုံးတင်ကို မြလဲ ကြည့်မရတော့တာနဲ့ လေသံမာမာနဲ့ ပြန်ပြောလိုက်သည်။

''မလုံးတင်ကလဲ အတော်စပ်စုတာဘဲနော် မြဘာသာမြ ဘယ်သူ့အတွက်ဘဲ ကောင်းမှုကုသိုလ်လုပ်ပေးပေးပေါ့ မလုံးတင်တို့နဲ့ ဘာဆိုင်လို့တုန်း!!!''

''ကျုပ်တို့က မသိလို့မေးမိတာပါတော် အဲ့လောက်ထိ အော်စရာမလိုပါဘူး မြညိုရဲ့''

''အို နောက်ခါဆို မြအကြောင်းဘာမှမမေးပါနဲ့ မြကိုမယုံသက်ာပုံစံနဲ့လာမေးနေတာ မြမကြိုက်ဘူး''

မြလဲ စကားဆက်မပြောချင်တော့တာနဲ့ ထိုနေရာကနေ အမြန်ထွက်လာလိုက်သည်။

''ဟဲ့ဟဲ့ မြညို မြညို''

''ကျုပ်ပြောပါတယ် သွားမမေးပါနဲ့ဆို အခုတော့ မြညို စိတ်ဆိုးသွားပြီ''

''ဟဲ့ ကျုပ်က သိချင်လို့မေးတာလေ သူဟုတ်နေလို့ သူအခုလို ဒေါသထွက်သွားတာပေါ့ သူသာမှန်နေရင် ကျုပ်မေးတာကို ဘာမှ ဒေါသထွက်စရာမလိုဘူး''
''ညည်းနဲ့လဲ ခက်ပါတယ် လုံးတင်ရယ်''
...............

အမှောင်ထုထဲမှာ မောင်ဟာ ပိတ်မိနေခဲ့တယ် ။ ဘယ်ကိုဘဲ ကြည့်ကြည့် ပတ်ဝန်းကျင်တစ်ခုလုံးက မှောင်မဲနေတယ် ဘယ်လောက်ဘဲပြေးပြေး လမ်းအဆုံးကိုမရောက်နိုင်သေးဘူး။ လွမ်းလှပြီး ယိမ်းနဲ့သမီးလေးကို၊
ဒီအချိန်ဆို မောင့်ကို စိတ်ပူနေကြတော့မှာ။
ထိုအချိန် ယိမ်းရဲ့ အသံကို ရုတ်တရက်ကြားလိုက်ရသည်။

တီချယ် ယိမ်း (သို့) မောင့်ရဲ့ ယိမ်းWhere stories live. Discover now