Part 58

2K 133 17
                                    

အိမ်ပြန်ရောက်တော့ မေမေက သူ့ကိုယ်သူအပြစ်တင်လို့မဆုံးဖြစ်နေတော့သည်။

''ငါမကောင်းတာပါ ဒီဖွားအေ မကောင်းတာပါ ထားမေရယ် အမေသာ စောစောစီးစီး မောင်ငယ်နဲ့ ယိမ်းလေးကို သဘောတူခဲ့ရင် အခုလိုဖြစ်မှာမဟုတ်ဘူးး''

''အမေ့ကြောင့်မဟုတ်ပါဘူး အမေရယ် ဖြစ်ချိန်တန်လို့ဖြစ်သွားတာပါ မောင်ငယ်လဲ မကြာခင်သတိရလာမှာပါ မေမေ''

''တော်သေးတာပေါ့ ညီမရယ် ကလေးမလေးသာ ဝင်မကယ်ခဲ့ရင် အခုဆို ရဝီလေးးက''

''အဲ့တာတွေ ပြန်မတွေးပါနဲ့တော့ အစ်မရယ် ဖြစ်ပြီးတာတွေလဲ ဖြစ်ပြီးသွားပါပြီ မောင်ငယ်က ရဝီလေးကို ကိုယ့်သမီးအရင်းလေး လိုချစ်တယ်ဆိုတာ ထားတို့အားလုံး သိကြတာဘဲလေ ''

''ကျေးဇူးတင်ပါတယ် ညီမထားမေ ''

''ဒါတွေမလိုပါဘူး အစ်မရယ် ''

''အခုလာကြတာက ယိမ်းနဲ့ ကလေးမလေးကို ခွဲဖို့တော့...''

အစ်မ စကားမဆုံးခင် ထားက ဖြတ်ပြောလိုက်တယ်

''အဲ့လိုမဟုတ်ပါဘူး အစ်မ အထင်မလွှဲလိုက်ပါနဲ့ ထားတို့အခုလာတာက သမီးလေးနဲ့ ယိမ်းလေးကို သဘောတူတဲ့အကြောင်းလာပြောတာပါ မောင်ငယ်က ဖုန်းမကိုင်တော့ ထားတို့လဲ ကိုယ်တိုင်လာပြောရင်းနဲ့ လာလည်ကြတာပါ''

''ဒါဆို ညီမလေးတို့က ယိမ်းနဲ့ မောင်တို့ကို သဘောတူလိုက်ပြီပေါ့''

''ဟုတ်တာပေါ့ အစ်မရယ် မောင်ငယ်သာ ၇ ရက်အတွင်းသတိပြန်ရလာဖို့ဘဲ လိုတော့တယ်''

''အစ်မလဲ ကလေးမလေးနဲ့ဆို ယိမ်းနဲ့မြေးလေးကို စိတ်ချရပါပြီ''
..............

''ဟဲ့ နင့်ဟာက ဟုတ်လို့လား ''

''ဟုတ်ပါတယ်ဆိုဟာ ငါ့နားနဲ့ ဆက်ဆက်ကြားခဲ့တာ အခု မောင်မောင်တို့ ကားတိုက်မှုဖြစ်တာ မြညိုလက်ချက်လို့ ငါထင်တယ်''

''လုံးတင်မရယ် နင့်ဟာကလဲ သက်သေမရှိဘဲနဲ့ သူများကို မစွပ်စွဲစမ်းပါနဲ့''

''ဟာ ဂွတ်ထော်မကလဲ မြညိုက မောင်မောင့်ကို ကြိုက်နေတယ်ဆိုတာ အကုန်လုံးသိတယ်နော် နောက်ပြီး အဲ့နေ့က ငါဖြတ်သွားတုန်းက ငါ့နားနဲ့ဆက်ဆက်ကြားခဲ့တာပါ ''

တီချယ် ယိမ်း (သို့) မောင့်ရဲ့ ယိမ်းWhere stories live. Discover now