နေ့လည်လောက်ကျတော့ ကားဂိတ်ကိုရောက်ခဲ့သည်။ထို့နောက် ကားဂိတ်ကနေတစ်ဆင့် ယိမ်း တာဝန်ကျရာရွာကို လိုင်းကားတစ်ဆင့်ပြန်စီးရသည်။
၂နာရီခွဲလောက်မှာ မောင် ရွာကိုရောက်လာခဲ့သည်။
''ဒီက ငါ့ညီက မြို့ကဧည့်သည်ထင်တယ် ၊ ဘယ်သွားမလို့တုန်း''
မောင်လဲ အသံကြားရာကို လှည့်ကြည့်လိုက်တော့ အသားညိိုညို နဲ့သက်လက်ပိုင်း လူရွယ်တစ်ယောက်က တောင်းတစ်လုံးထမ်းကာ မောင့်ကို မေးလာခဲ့သည်။
''ဟုတ် ၊ ဒီရွာက ဆရာမ ဒေါ်ယိမ်းနွဲ့ဟန်စီလာတာပါ''
''ဪ မြို့ကလာတဲ့ ဆရာမလေးရဲ့ ဧည့်သည်လား''
''ဟုတ်ကဲ့''
''ဒါဆို အစ်ကို့နောက်လိုက်ခဲ့ ငါ့ညီ ၊ရွာသူကြီးအိမ်ကို အရင်လိုက်ပို့ပေးမယ်''
''ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် နောက်ပြီး မောင်က မိန်းကလေးပါ နာမည်က အိမ့်ခြူးမောင်ပါ''
''ငါ့ညီက မိန်းကလေး အစ်ကိုက ရုတ်တရက်ကြည့်လိုက်တာ ယောကျာ်းလေးထင်လို့ကွာ အစ်ကို့နာမည်လဲ မှတ်ထားနော် ကိုအောင်ကြီးတဲ့ အကူညီလိုရင်လဲပြော ဘာမှအားမနာနဲ့နော်''
''ဟုတ်ကဲ့''
ဒီလိုနဲ့ မောင်လဲနဲ့ ကိုအောင်ကြီးလဲ ရွာသူကြီးအိမ်ကို လိုက်ခဲ့တော့သည်။
''ဗျို့သူကြီး ....၊ဒီမှာ မြို့က ဆရာမလေးရဲ့ဧည့်သည်လာတယ်''
''အေးအေး လာပြီ အောင်ကြီး''
ထိုအချိန် ၂ ထပ်ပျဥ်ထောင်အိမ်ကြီးထဲကနေပြီးတော့ သက်ကြီးပိုင်း အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးထွက်လာခဲ့သည်။ ကြည့်ရတာ ရွာသူကြီးနဲ့သူကြီးကတော်ဖြစ်ဟန်တူသည်။
''လာ လာ ညီမ ကွပ်ပျစ်ပေါ်မှာ ခနထိုင်နေနော်''
''ဟုတ်ကဲ့ ကျေးဇူးပါ ၊ ကိုအောင်ကြီး''
''ရပါတယ် ငါ့ညီမရာ ၊ အစ်ကိုလဲ လုပ်စရာလေးရှိလို့ ရွာထဲသွားလိုက်အုံးမယ်''
''ဟုတ်ကဲ့''
မောင့်ကို လမ်းညွှန်ပေးတဲ့ ကိုအောင်ကြီးကတော့ ရွာသူကြီးတို့လာတာနဲ့ မောင့်ကို ကွပ်ပျစ်ကြီးပေါ် မှာထိုင်ခိုင်းပြီး ခြံထဲကနေ ပြန်ထွက်သွားတော့သည်။
YOU ARE READING
တီချယ် ယိမ်း (သို့) မောင့်ရဲ့ ယိမ်း
Romanceအမျိုးသမီးတစ်ယောက်ကို အမျိုးသမီးတစ်ယောက်က မြတ်နိုးမိတာဟာ အပြစ်လား၊ ဒါဟာ အပြစ်ဆိုရင် မောင်ကြည်ကြည်ဖြူဖြူနဲ့ ခံယူပစ်လိုက်မယ် ယိမ်း။ အတ္တတွေ ၊ မာနတွေ ကြီးတဲ့သူတွေသာ မရှိခဲ့ရင် မောင်တို့ ပျော်ရွှင်စရာ အမှတ်တရတွေ အများကြီးကို ဖန်တီးနိုင်ခဲ့မှာ။