Part 6

2.2K 117 6
                                    

''ကျောင်းက ပြန်လာပြီလား သမီး''

''ဟုတ် မေမေ''

''အဝတ်စားလဲ ပြီးရင် မေမေ့ကို အန်တီမြတို့စီမှာ ပိုက်ဆံသွားယူပေးပါလား ၊ ဒီနေ့ မေမေ့ကို အကြွေးဆပ်မယ် ပြောထားလို့''

''ဒါဆို ကို့ကို ကလစ်ဘီးလေး ခနယူသွားမယ်နော် မေမေ''

''ဟုတ်ပါပြီ ၊ ပြန်လာရင် ဆီပါတစ်ခါတည်း ဖြည့်ခဲ့လိုက်နော် ''

''ဟုတ် ၊ မေမေ''

''ခနနေ မိုးရွာတော့မလားမသိဘူး ၊ မိုးတွေအုံ့နေတယ် မိုးကာလဲယူသွားအုံးနော် သမီး''

''ဟုတ်ကဲ့''

''လမ်းမှာလဲ ဂရုစိုက်အုံး ၊ ပြီးတော့ ဆိုင်ကယ်ကိုလဲ ဖြည်းဖြည်းမောင်းနော်''

''စိတ်ချပါ မေမေရဲ့ အိမ့် ဆိုင်ကယ်ကို ဖြည်းဖြည်းဘဲမောင်းပါ့မယ်''

''ဒါနဲ့ ဒီနေ့ ကျူရှင်ပိတ်တယ်ဆို သမီး''

''ဟုတ်တယ် မေမေ ၊ တီချယ် ချစ်သဲ မေမေ ဆေးရုံတင်ရလို့တဲ့''

''ဪ ၊ အေးအေး မေမေ နောက်မှဘဲ သတင်းသွားမေးလိုက်ပါမယ်''

''ဟုတ် ၊ ဒါဆို သွားတော့မယ်နော် မေမေ''

''အေးအေး ''

.................................

''ဒုက္ခဘဲ ယိမ်းရယ် ၊ လာခါနီးက ဦးလေး ကားကိုစစ်ကြည့်တာ အကောင်းပါ ၊ အခုမှ ကားစက်ကရုပ်တရုတ်ထိုးရပ်သွားတာ ဝက်ရှော့ပို့မှရမယ် ထင်တယ်''

''ဒါဆို ယိမ်း ၊Taxi ငှားပြီးတော့ဘဲ ပြန်လိုက်မယ်လေ ဦးလေး''

''ဖြစ်ပါ့မလား ယိမ်းရယ် ၊ ဦးလေးကို သမီးမာမီ ပြောနေအုံးမယ်''

''ဖြစ်ပါတယ် ဦးလေးရဲ့ မာမီကို ယိမ်းပြောပြလိုက်ပါ့မယ်''

ဟင် ဟိုအရှေ့မှာ တီချယ် ယိမ်းဘဲ ၊ ကားဘာဖြစ်လို့လဲ မသိဘူး ၊ သွားမေးကြည့်လိုက်အုံးမယ်။

''တီချယ် ယိမ်း ၊ ကားဘာဖြစ်လို့လဲဟင်''

''ဘာဖြစ်မှန်းမသိပါဘူး သမီးရယ်၊ ကားကထိုးရပ်သွားတာ''

''ဒါနဲ့ ဒီက ကလေးမလေးက ဘယ်သူလဲကွဲ့''

''သမီးက တီချယ် ယိမ်းရဲ့ တပည့်ပါ၊ ဒီနားမှာ ကိစ္စလေးတစ်ခုရှိလို့လာရင်းနဲ့ တီချယ် ယိမ်းကိုတွေ့လို့ လာခဲ့တာပါ''

တီချယ် ယိမ်း (သို့) မောင့်ရဲ့ ယိမ်းWhere stories live. Discover now