Part 11

2.1K 117 8
                                    

အိမ့်ခြူးနဲ့ ယိမ်းနဲ့ကဘာတွေလဲ ၊ ဘာလို့ ငါ့ထက် ယိမ်းကို ပိုအလေးပေးတာလဲ ၊ ဟိုနေ့က နားနေဆောင်မှာ တွေ့ခဲ့တာတွေ ငါ့ကိုတောင် မပေးဖူးတဲ့ နှင်းဆီဖြူကို ယိမ်းကိုကျ ဘာလို့ နေ့တိုင်း ပေးနေတာလဲ ၊ အိမ့်ခြူးမောင် က ငါ့ထက်ပိုပြီး ဘယ်သူ့ကိုမှ အရေးမပေးစေရဘူး

''မမစိမ်းလဲ့ တီချယ်ကြီး ခေါ်နေတယ် ''

''အင်း ၊ လာခဲ့မယ်နော် ''

''ဟုတ်ကဲ့''
........

''ဒီနေ့ တီချယ် ယိမ်း အတန်းမဝင်တော့ဘူး ၊ တီချယ့် အချိန်မှာ သားတို့သမီးတို့ မရသေးတဲ့ စာတွေလုပ်နေနော်''

''ဟုတ်ကဲ့ တီချယ်''

''မဝါလင်း''

''ဟင်''

''တီချယ် ယိမ်း ကို ကြည့်ရတာ နေမကောင်းဘူးလိုဘဲနော်''

''စာမေးပွဲဖြေရက်ကနီးလာတော့ တီချယ်တွေအလုပ်ရှုပ်ကြတယ်လေ အဲ့တာကြောင့်ဖြစ်မှာပါ''

''ဟုတ် ၊ နေ့လည်ကျရင် မောင့်ကို စက်ဘီးခနငှားပေးပါလား''

''အင်း ယူသွားလေ မောင် ''

''ဟုတ် ''
.......

''အလုပ် ပင်ပန်းတာတွေရော စိတ်ပင်ပန်းတာတွေရော manstrution ဖြစ်​တာ​ေရာ အကုန်ပေါင်းပြီး လူက နေလို့မကောင်းဘူး ။ ဒါကြောင့် ဒီနေ့ အတန်းတောင်မဝင်နိုင်ဘူး မချိုမာရယ်၊ ကလေးတွေ ကတော့ လိမ်မာကြပါတယ် စာမေးပွဲက ဖြေရတော့မှာဆိုတော့ အကုန်စာလုပ်နေကြတယ်''

''သက်သာသလိုနေနော် ယိမ်း ၊ လိုတာရှိရင် မချိုမာကို ပြောနော်''

''ဟုတ်ကဲ့''

''နေ့လည်ကျရင် မချိုမာဘဲ တီချယ်ကြီးစီသွားလိုက်မယ် ၊ ယိမ်းက နားလိုက်နော်''

''ဟုတ် ၊ ကျေးဇူးတင်ပါတယ်နော် မချိုမာ''

''ရတယ်ပါ ယိမ်းရယ် ၊ သက်သာသလိုနေနော်''

''ဟုတ်ကဲ့''
............

''အန်တီ သမီးကို Epo-soft ၁ကဒ်ပေးပါ ၊ နောက်ပြီး ရေနွေးအိပ်က တစ်ခုရယ် ၊ Tissueတစ်ထုပ်ရယ် ၊ ပဲနို့ဘူးကြီး ၁ ဘူးရယ်ပေးပါ အန်တီ''

''အေးအေး ရမယ်သမီး ၊ ခနလေးစောင့်နော်''

''ဟုတ်''

တီချယ် ယိမ်း (သို့) မောင့်ရဲ့ ယိမ်းWhere stories live. Discover now