Part 10

2.2K 109 10
                                    


''ယိမ်း ''

''ကိုဟိန်းသန့်''

''ကို ယိမ်းကို လာကြိုတာပါ ၊ အန်တီကိုလဲ ကိုပြောပြီးပြီး''

''ဟုတ်''

''မောင် ၊ ဟိုမှာကြည့်စမ်း''

''ဘာဖြစ်လို့လဲ ''

''ကြည့်မှာသာ ကြည့်ပါစမ်းပါ၊ တီချယ် ယိမ်းဘေးနားက လူကြီးက ချောလိုက်တာဟာ ၊တီချယ် ယိမ်းကို လာကြိုတာဖြစ်မယ်''

''လာကြိုတာဆိုတော့ မောင်နှမ တွေဖြစ်မှာပေါ့ မဝါလင်းကလဲ ''

''ဟဲ့ ငါကလဲ ဘာပြောရသေးလို့ ၊စိတ်တိုနေရတာလဲ''

''စိတ်မတိုပါဘူး မဝါလင်းသိချင်နေမှာဆိုးလို့ ပြောပြတာ''

''အေးပါဟာ ၊ မောင် နင် တစ်ခုခုတော့ တစ်ခုခုဘဲ''

''ဘာမှမဖြစ်ပါဘူး ၊ စာမေးပွဲဖြေဖို့ မေးခွန်းဟောင်းတွေ ပြန်ကြည့်ရအုံးမှာ သွားတော့မယ် မဝါလင်း''

''အေး..အေး''

..................
မောင်နှမတွေ ဘဲ ဖြစ်မှာပါ ။ ဒါပေမဲ့လဲ ငါ့စိတ်တွေ လေးနေတယ် ဘာလို့ ဆုံးရှုံးရမှာကြောက်နေတာလဲ မသိဘူး

''သမီး မျက်နှာလဲ မကောင်းပါလား ၊ နေမကောင်းလို့လား''

''ခေါင်းနည်းနည်းကိုက်နေလို့ပါ မေမေ''

''မေမေ နွားနို့ နဲ့ဆေးယူလာပေးမယ်နော်''

''ဟုတ်ကဲ့''

မပိုင်ဆိုင်ရသေးခင်ကတည်းက ပူလောင်ရတာဟာ အချစ်ရဲ့ သဝန်တိုမှု တစ်စိတ်တစ်ပိုင်းဘဲလား
..............
'' ကို ဟိန်းသန့်''

''ဘာပြောမလို့လဲ ယိမ်း''

ယိမ်းရဲ့ အိမ်ထောင်ဘက် အနေနဲ့ဆိုရင် ကို ဟိန်းသန့်က သင့်တော်တဲ့ သူပါ။ ဒါပေမဲ့ ယိမ်းမချစ်မနှစ်သက်တဲ့သူနဲ့တော့ တစ်ဘဝလုံးလက်တွဲမသွားချင်ဘူး အရင်ကလူကြီးချင်းစကားပြောထားကြပေမဲ့ အခုတော့ ယိမ်း စိတ်တွေလေးနေတယ် ယိမ်း လက်မထပ်ချင်ဘူး မာမီရယ်။

'' ယိမ်း တို့ စေ့စပ်ပွဲကို နောက်ဆုတ်ဖို့ မာမီကို ပြောပေးစေချင်လို့ပါ''

''ဘာဖြစ်လို့လဲ ယိမ်း''

''ကလေးတွေ စာမေးပွဲရက်နဲ့ တိုက်နေလို့ပါ''

တီချယ် ယိမ်း (သို့) မောင့်ရဲ့ ယိမ်းWhere stories live. Discover now