သီချင်း အသံတွေနဲ့ ဆူညံနေရောဘဲ ကလေးမ ဘယ်ရောက်နေလဲ မသိဘူး ယိမ်းရှာတာလဲ နှံ့နေပြီ
''အိုပါ ဂန်းနက်စတိုင်........... ရေးးးးးး''
ဟင် ဟိုဟာ အိမ့်ခြူးမောင်မဟုတ်ဘူးလား ကြည့်စမ်း ကို့မှာတော့ သူပျောက်မှာစိုးလို့ စိတ်ပူပြီးလိုက်ရှာနေတာ သူက ဘေးနားက ကောင်မလေးတွေနဲ့ တွဲကနေတယ် အမလေး မျက်မှန်ပါတပ်ထားသေးတယ်တော့ တွေ့မယ် ဒင်း
''အိမ့်ခြူးမောင်''
သီချင်းသံက ကျယ်တော့ ယိမ်းခေါ်တာကို မကြားဘူးထင်တယ် ကနေတာများကွေးနေရော အိမ့်ခြူးမောင် နောက်တစ်ယောက်များလားလို့တောင်ထင်ရတယ်
''အိမ့်ခြူးမောင်''
ဘေးက ကောင်မလေးတွေနဲ့ ပျော်နေတဲ့ ကလေးမအနားကို ယိမ်းသွားလိုက်တယ်
''ဟင် ယိမ်း''
''အားး အားးးအားးနာတယ် ယိမ်းရဲ့''
''ရှင်လိုက်ခဲ့ ကျမနဲ့''
လူအုပ်ကြားထဲကနေ နားရွက်ဆွဲပြီးခေါ်ခဲ့လိုက်တယ်
''မောင့်နားရွက်တွေတော့ ပြုတ်တော့မှာဘဲ ယိမ်းရဲ့''
''ရှင့်ကို ကျမဘာပြောထားလဲ အနေထိုင်ဆင်ခြင်ပါလို့ မပြောထားဘူးလား''
''ပြောထားပါတယ် ယိမ်းရဲ့''
''ရည်းစားဖြစ်တာတောင် ၁ရက်တောင်မပြည့်သေးဘူး အခုကတည်းက အချိုးတွေပြောင်းနေပြီပေါ့လေ အိမ့်ခြူးမောင်၊ ခေါက်''
ဆရာမတွေကို ရည်းစားတော်ရတာမကောင်းလိုက်တာ ထစ်ခနဲဆို ခေါင်းခေါက်တာနဲ့ နားရွက်ဆွဲတာနဲ့ ဗိုက်ခေါက်လိမ်ဆွဲတာနဲ့
''အဲ့လိုမဟုတ်ပါဘူး ယိမ်းရဲ့ အမ်းးမောင်က မကချင်ပါဘူးမဝါလင်းက အတင်းခေါ်လို့ပါ''
''ဒါဖြင့် ကတာကထားပါတော့ ရှင်ကဘာလို့ ကောင်မလေးတွေနဲ့တွဲကနေတာလဲ''
''ဟို အဲ့တာက အဲ့တာကလေ မောင်ကတွဲကတာမဟုတ်ပါဘူးယိမ်းရဲ့ လူတွေအများကြီးဆိုတော့ ဟိုတိုးဒီတိုးနဲ့ မောင့်အနားသူတို့ဘာသာသူတို့ရောက်ခဲ့တာပါ''
''အဲ့မျက်မှန်ရီးကို ချွတ်ထားလိုက်စမ်း''
''ဟုတ်ကဲ့''
YOU ARE READING
တီချယ် ယိမ်း (သို့) မောင့်ရဲ့ ယိမ်း
Romanceအမျိုးသမီးတစ်ယောက်ကို အမျိုးသမီးတစ်ယောက်က မြတ်နိုးမိတာဟာ အပြစ်လား၊ ဒါဟာ အပြစ်ဆိုရင် မောင်ကြည်ကြည်ဖြူဖြူနဲ့ ခံယူပစ်လိုက်မယ် ယိမ်း။ အတ္တတွေ ၊ မာနတွေ ကြီးတဲ့သူတွေသာ မရှိခဲ့ရင် မောင်တို့ ပျော်ရွှင်စရာ အမှတ်တရတွေ အများကြီးကို ဖန်တီးနိုင်ခဲ့မှာ။