Part 38

2.1K 104 8
                                    


''ကလင် ကလင် ကလင်''

မောင်လဲ Alarm ပေးထားတာကိုပိတ်လိုက်ပြီး အိပ်ရာကထလိုက်တယ် ။ ယိမ်းနဲ့သမီးလေးစီ သွားတဲ့အချိန်ကျရင် သမီးလေးဗိုက်ဆာနေရင် အလွယ်တကူစားလို့ရအောင် မုန့်တွေလဲ ထည့်သွားရမယ်။ဒီလိုနဲ့ တစ်မနက်ခင်းလုံး မောင်ဟာ အလုပ်တွေ ရှုပ်နေခဲ့သည်။

''အကုန်လုံးတော့ ပြင်ဆင်လို့ပြီးပြီ ၊ မဝါလင်းတို့ကို ဖုန်းဆက်ဖို့ဘဲ ကျန်တော့တယ်''

မောင် ဖုန်းဆက်ဖို့အလုပ်.ခနနေတော့ မဝါလင်းနဲ့ ဟန်နီက ကားတစ်စီးနဲ့ မောင့်စီကို ရောက်လာခဲ့ကြသည်။

''ပြီးပြီလား မောင်''

''အကုန်ပြင်ဆင်လို့ပြီးသွားပြီ ၊ အခုဘဲ မဝါလင်းတို့ကို ဖုန်းဆက်တော့ မလို့''

''ဒါဆို ငါတို့သွားကြမယ်လေ''

မောင်တို့ စကားပြောနေတုန်း ယိမ်းက မောင့်စီကိုဖုန်းဆက်လာခဲ့တယ်

''ဟယ်လို ယိမ်း''

''နိုးပြီလား မောင်''

''ဟုတ်''

''ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ထားနော် ပစ္စည်းတွေလဲ သေချာပြန်စစ်''

''ဟုတ်ကဲ့ ၊ မောင် တို့ခနနေ ထွက်လာခဲ့တော့မယ်နော် ယိမ်း''

''အင်း ၊ ဒါနဲ့ ရောက်လာရင် ကားဟွန်းတစ်ချက်တီးပေးနော် တို့ထွက်လာခဲ့မယ်''

''ဟုတ်ကဲ့ ၊ ဒါဆို မောင်ဖုန်းချလိုက်တော့မယ်နော်''

''အင်း''

ယိမ်းနဲ့ဖုန်းပြောပြီးတာနဲ့ မဝါလင်းတို့ဘက်ကို လှည့်ပြီးပြောလိုက်တယ်

''ယိမ်းနဲ့သမီးလေးကို မောင်ဝင်ခေါ်ရအုံးမယ်''

''အင်း ရတယ်လေ၊ ငါတို့ နင့်အနောက်ကနေဘဲ လိုက်ခဲ့မယ်''

''Ok သွားကြမယ်''

ဒီလိုနဲ့ မောင့်ကားအနောက်ကနေပြီးတော့ မဝါလင်းတို့ကားဟာ တဖြည်းဖြည်းနဲ့လိုက်ခဲ့တယ် သိပ်မကြာပါဘူး နောက်ထပ် ၁၀ မိနစ်လောက် မောင်းပြီးတော့ ယိမ်းတို့ ခြံရှေ့ကို ရောက်လာခဲ့တယ် ။ ခြံရှေ့ရောက်တာနဲ့ မောင်လဲ ကားဟွန်းတစ်ချက်တီးလိုက်တော့ ခနအကြာမှာ ယိမ်းနဲ့ သမီးလေးနဲ့ ခြံထဲကနေထွက်လာခဲ့သည်။

တီချယ် ယိမ်း (သို့) မောင့်ရဲ့ ယိမ်းWhere stories live. Discover now