Part 19

1.9K 97 14
                                    


''အကျီ်ချွတ်မှ လုပ်လို့ရမှာပေါ့''

''ဘာ..ဘာ.ဘာလုပ်မလို့လဲ ဟင် ယိမ်း၊ ကျောင်းမှာဒါမျိုးတွေ မလုပ်ကောင်းဘူးယိမ်းရဲ့''

ဒီနှာဘူးမလေးကတော့ ဘာတွေတွေးနေလဲမသိဘူး

''မအိမ့်ခြူးမောင်၊ ရှင်ဘာတွေတွေးနေတာလဲ''

''ဟင်''

''ဘာဖြစ်နေတာလဲ ကျမ ဘော်လီချိတ်တစ်ခုပြုတ်နေလို့ ရှင့်ကို ခနတပ်ခိုင်းမလို့လေ အကျီ်က ကိုယ်တိဖြစ်နေတော့ ခနချွတ်မှရမှာလေ''

''ဪ 😁''

''ဟွန်း သိနေတယ်နော် ၊ ပေါက်ကရတွေတွေးမနေနဲ့ ကျမကိုများ ကျောင်းမှာဒါမျိုးတွေ မလုပ်ကောင်းဘူးလေး ဘာလေးနဲ့ ''

''မောင်က မသိလို့ပါယိမ်းရဲ့😁''

''အဲ့ဆိုလဲ ခနလာတပ်ပေးအုံး''

''ဟုတ်''

''ဒီချိတ်လေးတစ်ခုတပ်တာ ဘာလို့ လက်တွေတုန်နေတာလဲ''

''ဂလု''

''ဟို.. ဟို ..ဘာ..ဘာ..ဘာမှမဟုတ်ပါဘူး ယိမ်းရဲ့ လက် လက်က သူ့ဘာသူတုန်နေတာပါ''

''ပြီးရော ''

''ဒါဒါ ဒါဆို မောင် သွားတော့မယ်နော်''

''အယ် မြန်လိုက်တာ''

ယိမ်းရယ် နောက်ခါ မောင့်ကို ဒါမျိုးတွေမခိုင်းပါနဲ့ မောင်ရဲ့ သမာဓိအားက ယိမ်းနဲ့ဆို ယှိင်နေတာ

''ဟူးးး တော်ပါသေးတယ် မြန်မြန်ထွက်လာလို့ မဟုတ်ရင် နှာခေါင်းတွေလျှံတာ ယိမ်းတွေ့သွားတော့မလို့''

''ဟဲ့ မောင် ၊နှာခေါင်းသွေးတွေထွက်နေတယ်''

''ဖြည်းဖြည်း ပြောပါ မဝါလင်း ရဲ့ သူများတွေကြားကုန်ပါအုံးမယ်''

''ဟဲ့ ငါက နှာခေါင်းသွေးထွက်တာကိုပြောတာလေ နင်က ဘာကိုကြောက်နေတာလဲ၊ ပြောပါအုံး ဘာလို့ နှာခေါင်းသွေးလျှံနေတာလဲ''

''နေ နေပူရှိန်ပြင်းလို့ပါ''

''အခုမှ မနက်ပိုင်းဘဲရှိသေးတယ် ဘယ်က နေပူရှိန်ကပြင်းတာလဲ ၊ နောက်ပြီး ဘာလို့ မျက်နှာကြီးက နီရဲနေတာလဲ''

တီချယ် ယိမ်း (သို့) မောင့်ရဲ့ ယိမ်းWhere stories live. Discover now