Part 41

2.5K 115 15
                                    


''ကျွတ်...ကျွတ်...ကျွတ်..... ခေါင်းတွေထိုးလိုက်တာ မဝါလင်းရယ်''

''ငါလဲအတူတူဘဲ ၊ ငါ့ ခေါင်း​ ​ ကိုလေ ဆင်ဆယ်ကောင်လောက် တတ်နင်းထားတဲ့အတိုင်းဘဲ အိမ့်ခြူးမောင်ရာ''

''အဲ့တာကြောင့် မဝါလင်းကိုပြောပါတယ် ဇွတ်ဇွတ်မတိုက်ပါနဲ့လို့ အခုတော့ ခံနေရပြီ''

''ဟ ငါဇွတ်မတိုက်လဲ နင်ကအရင်သောက်တာလေ''

''ဘာဘဲ ဖြစ်ဖြစ် မဝါလင်းခေါ်လို့ မောင် လိုက်သောက်မိတာလေ''

''ဘာမှမဆိုင်ဘူး နင်ကသာ တစ်အိုးပြီး တစ်အိုးထပ်မှာလို့ ဖြစ်တာ''

''ဟ မောင့်ဘာသာ မောင် ဘယ်နအိုးမှာမှာလေ မဝါလင်းမသောက်ရင် ဘာမှမဖြစ်ဘူး''

''နင်မှာတော့ ငါက နင်မကုန်မှာဆိုးလို့ သောက်ပေးတာလေ''

''ဘာ...မှ..မဆိုင်ဘူးနော် မောင်မှာတဲ့ ထန်းရည်အိုးတိုင်းကို မဝါလင်းဘဲ လုလုသောက်နေလို့ မောင်က ထပ်မှာတာလေ''

နိုးတာနဲ့ ထိုအမူးသမားနှစ်ယောက်ကတော့ ရန်ဖြစ်နေကျပြန်ပါပြီ

''နိုးကြပြီလား အမူးသမားလေးတွေ''

''ဟဲဟဲ ၊ယိမ်းလေး''

''ဟန်နီလေး''

မျက်နှာကို စပ်ဖြဲဖြဲ လုပ်ပြီး သနားကမားပုံစံတွေလာဖမ်းပြနေတာက အမြင်ကပ်ချင်စရာ

မနေ့ညက သူတို့မဟုတ်တဲ့အတိုင်းဘဲ ညက အကြောင်းကိုပြန်စဥ်းစားမိရင် ထိုကလေးစုတ်ကို အသေလဲရိုက်သတ်ပစ်ချင်တယ်

''ထတော့ကြတော့ နှစ်ယောက်လုံး၊ မျက်နှာသစ်ပြီးရင် ထမင်းစားခန်းထဲကိုလာခဲ့ သံပုရာရည်ဖျော်ထားပေးမယ်''

''ဟုတ်''

မောင်နဲ့မဝါလင်းလဲ မျက်နှာသစ်ပြီးတာနဲ့ ထမင်းစားခန်းထဲကိုလိုက်လာခဲ့ကြသည်။ ထမင်းစားခန်းမှာ အကုန်လုံးက မောင်တို့ကိုစောင့်နေကြသည်။

''မေမေ့ အရက်သမားလေးတွေ၊ နှိုးလာကြပြီလားကွယ့်''

''ဟဲဟဲ😁 ၊''

''ဂိုဂို ''

သမီးလေးက မောင့်ကို တွေ့တာနဲ့ မောင့်အပေါ်ပြေးတတ်လာတယ် မောင်လဲ သမီးကို ချီပြီး ခုံမှာ ဝင်ထိုင်လိုက်တယ်

တီချယ် ယိမ်း (သို့) မောင့်ရဲ့ ယိမ်းWhere stories live. Discover now