ယိမ်းလဲ ကျောင်းဆင်းပြီး ညနေလောက်ကျတော့ သမီးလေးနဲ့အတူတူ ကားဂိတ်ကနေ မာမီကို သွားကြိုဖို့ထွက်လာခဲ့သည်။''မာမီ ယိမ်းတို့ ဒီမှာ''
ယိမ်းလဲ မာမီ့ကိုခေါ်ပြီး မာမီရှိတဲ့နေရာကို သမီးလေးလက်ကိုတွဲပြီး လျှောက်လာခဲ့လိုက်သည်။
''တော်တော်ဝေးတာဘဲနော် သမီး၊ ဒါတောင် မာမီ မနက်အစောရီးထွက်လာတာ''
ယိမ်းလဲ မာမီ့ကို ပြုံးပြပြီး မာမီ့လက်ထဲက အိတ်ကို ယူပြီး သယ်လိုက်သည်။ သမီးလေးကတော့ သူ့ဖွားဖွားရဲ့လက်ကို တွဲထားသည်။
''ဒါနဲ့ ဟိုကလေးမလေးရော သမီး''
''မောင်က အလုပ်သွားတယ် မာမီရဲ့ မနက်ကတော့ မာမီ့ကို လာကြိုမယ်ပြောနေတာ ယိမ်းက အတင်းအလုပ်သွားခိုင်းလိုက်တာ ''
''ဟယ် ဘာလို့ ကလေးကို အလုပ်လုပ်ခိုင်းရတာလဲ ယိမ်း ရွာအလုပ်တွေက ဒီလောက်ပင်ပန်းတာ''
''ပွဲရုံတစ်ခုမှာ စာရေး ဝင်လုပ်နေတာပါ မာမီရဲ့''
မာမီတို့ကတော့ မောင့်ကိုပြောလိုက်ရင် ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ အခုအလုပ်လုပ်နေတယ်ပြောတော့ ကလေးကို ဘာလို့အလုပ်လုပ်ခိုင်းရတာလဲတဲ့ ဟွန့်
''တော်သေးတာပေါ့ ဒါနဲ့ ပိုက်ဆံလိုလို့လား ယိမ်း''
''မဟုတ်ပါဘူး မာမီရယ် မောင့်ဘာသာမောင် ယိမ်းနဲ့သမီးလေး ရှေ့ရေးအတွက်ဆိုပြီး လုပ်တာပါ ယိမ်းက မောင့်ကို ဘာတစ်ခုမှလုပ်ခိုင်းတာမဟုတ်ပါဘူး တကယ်ပါဘဲ ဒေါ်မြရဝန်ဟန် တို့ကတော့ သူ့ချွေးမလေး ပင်ပန်းမှာကိုကြောက်နေတယ်''
''အမလေး ဘာမှမကြောက်ပါဘူး မာမီက ဒီအတိုင်းဘဲ မေးလိုက်တာပါတော်''
''ဟုတ်လို့လား ဒေါ်မြရဝန်ဟန်ရဲ့''
ယိမ်းလဲ ပြုံးစစနဲ့ မာမီကို ပြောလိုက်တယ်
''ဟုတ်ပါတယ်ဆို ဒီကလေးကလဲ မအေကို စနေပြန်ပြီ''''ဟီးဟီ ''
''ဖွားဖွား ရဝီ့အတွက် မုန့်ပါတွေပါလားဟင်''
''ပါပါတယ်ရှင် ဟော့ဒီကဖွားမြေးလေးအတွက် ဖွားဖွား မုန့်တွေအများကြီး ဝယ်ခဲ့တယ်''
YOU ARE READING
တီချယ် ယိမ်း (သို့) မောင့်ရဲ့ ယိမ်း
Romanceအမျိုးသမီးတစ်ယောက်ကို အမျိုးသမီးတစ်ယောက်က မြတ်နိုးမိတာဟာ အပြစ်လား၊ ဒါဟာ အပြစ်ဆိုရင် မောင်ကြည်ကြည်ဖြူဖြူနဲ့ ခံယူပစ်လိုက်မယ် ယိမ်း။ အတ္တတွေ ၊ မာနတွေ ကြီးတဲ့သူတွေသာ မရှိခဲ့ရင် မောင်တို့ ပျော်ရွှင်စရာ အမှတ်တရတွေ အများကြီးကို ဖန်တီးနိုင်ခဲ့မှာ။