Part 45

2.1K 114 25
                                    


ပြန်ရောက်ရောက်ချင်း အဝတ်စားတွေထည့် ရေမိုးချိုးပြီး ခနနားနေလိုက်တယ် ။ ခရီးကလဲပင်ပန်းတာနဲ့ အိပ်ရေးမဝတာနဲ့ လူကနုံးချင်သလိုဖြစ်နေတော့ တစ်ရေးတစ်မောအိပ်လိုက်တယ်

နိုးလာတော့ အချိန်ကိုကြည့်လိုက်တာ ည ၉ နာရီထိုးနေပြီ ယိမ်းကို ဖုန်းဆက်ဖို့အလုပ် ကုမ္မဏီကနေ မန်နေဂျာက စားသောက်ဆိုင်ခွဲတစ်ခုမှာ ပြဿနာတစ်ခုတတ်နေလို့ဆိုပြီး ဖုန်းလှမ်းဆက်လာလို့ မောင်လဲ ချက်ချင်း ဆိုင်ကို ကားနဲ့မောင်းလာခဲ့ရတယ်

၁၅ မိနစ်လောက် မောင်းပြီးတော့ ဆိုင်ကို ရောက်လာခဲ့သည်။

ဆိုင်ရှေ့မှာလဲ ခုံအကျိုးအပဲ့တွေနဲ့ အရက်ပုလင်းအပိုင်းအစတွေ ကွဲကြေနေပြီ ဖြစ်တဲ့ ပန်းကန်ပြား အပိုင်းအစတွေက ပျံ့ကြဲနေတာကို နေရာ အနှံ့အပြားမှာတွေ့လိုက်ရတယ်။ မောင်လဲ ကားကို ခြံထဲမှာဘဲ ရပ်ထားခဲ့လိုက်​ပြီး ဆိုင်ထဲကို ဝင်လာခဲ့လိုက်သည်။

''ဒါဘယ်လိုဖြစ်ကြတာလဲ''

ဆိုင်ထဲရောက်တော့ မန်နေဂျာက ပြာပြာသလဲ နဲ့ မောင့်စီကို ပြေးလာခဲ့သည်။.

''ဟို လေ သူဌေး''

စာရေးမကို ကြည့်လိုက်တော့ လဲ ကောင်တာမှာ ငိုနေတာကို တွေ့လိုက်ရတယ်။

''ကျန်တာတွေ နောက်မှဘဲပြောမယ် အကုန်လုံးကို meeting room ထဲမှာ လူစုခိုင်းလိုက် ''

''ဟုတ်ကဲ့ သူဌေး''

မောင်လဲ မန်နေဂျာဘက်ကို လှည့်ပြီးပြောလိုက်တယ်

''အရှေ့ကဟာတွေကို ဘာလို့မရှင်းဘဲနဲ့ ဒီအတိုင်း နေနေကြတာလဲ ၊ ဒီအတိုင်းနေနေလို့ ပြဿနာက ပြီးသွားမှာမဟုတ်ဘူး အရှေ့ကဟာတွေ ကို သွားရှင်းလိုက် ကျန်တဲ့သူတွေက meeting room ထဲကို လာခဲ့ပေး''

''ဟုတ်ကဲ့ သူဌေး''

မောင်လဲ ပြောပြီးတာနဲ့ meeting room ထဲကို လျှောက်လာလိုက်တယ်။ အိပ်ရာနိုးထဲက ဘာမှမစားရသေးတာနဲ့ လူက ဗိုက်ဆာပြီး ကိုယ်လက်တွေကိုက်နေတယ် ။ အစက ဟန်နီ့ကိုဘဲ လွှတ်ပြီးဖြေရှင်းခိုင်းမလို့ပါဘဲ ဒါပေမဲ့ ဟန်နီ တို့လဲ ပင်ပန်းထားကြတော့ မောင်ကိုယ်တိုင်ဘဲ လာခဲ့လိုက်တော့တယ်။

တီချယ် ယိမ်း (သို့) မောင့်ရဲ့ ယိမ်းWhere stories live. Discover now