Part 53

2.2K 132 24
                                    


''မောင် ပြီးပြီလား ယိမ်းစီခနလာပါအုံး''

''လာပြီ မိန်းမရေ😁''

မောင်လဲ ထမင်းချိုင့်ထည့်ပြီးတာနဲ့ ယိမ်းစီကို သွားလိုက်တယ်။

''ယိမ်းကို အနောက်က ဘော်လီချိတ်လေး ခနတပ်ပေးပါလား ပြန်ပြုတ်သွားလို့''

''ဟုတ်''

''ယိမ်း''

''ရှင်...''

''ယိမ်းကို အခုလိုဘော်လီချိတ်တပ်ပေးတော့ မောင်လေ အရင်တုန်းက အချိန်တွေကိုတောင် ပြန်သတိရမိသွားတယ်''

''အမ်းးးးနားနေဆောင်မှာတုန်းက ယိမ်းမောင့်ကို ချိတ်တပ်ခိုင်းတဲ့အကြောင်းလား''

''အွန်း အဲ့တုန်းက ယိမ်းမသိလိုက်တာ တစ်ခုရှိတယ် မောင်ပြောပြရမလား''

''ဟုတ် ''

''အဲ့တုန်းကလေ ယိမ်းကို မောင် ဘော်လီချိတ်တပ်ပေးပြီးတော့လေ မောင့်နှာခေါင်းသွေးတွေလျှံလာတာ သိလားဟင် ယိမ်း မဝါလင်းက မောင့်ကို ပြောတော့ မောင်လဲ နေပူလို့ဆိုပြီးပြောလိုက်တယ် အမှန်တော့ ယိမ်းကြောင့်ဆိုတာ မဝါလင်းက မသိလိုက်ရှာဘူး''

''ဘာမှမဆိုင်ဘူးနော် မောင့်ဘာသာ မောင် နှာဘူးထလို့ဖြစ်တာ''

''မဟုတ်ပါဘူး ယိမ်းဘော်လီချိတ်တပ်ခိုင်းလို့ မောင့်နှာခေါင်းသွေးလျှံတာ''

''ထားပါတော့ နှာဘူးလေးရဲ့ ဒါဖြင့် အခုရော နှာခေါင်းသွေးကဘာလို့မလျှံတာလဲ''

''ဟဲဟဲ ဒါလား မောင်ခံနိုင်ရည်ရှိအောင် လုပ်ထားလို့လေ😁''

မောင်လဲ ဘော်လီချိတ်တပ်ပေးပြီးတော့ ယိမ်းရဲ့ခါးသေးသေးလေးကို အနောက်က နေသိုင်းဖက်လိုက်တယ်

''အာ........မွှေးလိုက်တာ ''

''မွှေးမှာပေါ့ မောင်ရဲ့ ဒါမနေ့က မမမော်လက်ဆောင်ပေးတဲ့ သနပ်ခါးလေ ရွှေဘိုကလို့ပြောတယ် မွှေးတယ်မလားဟင်''

သနပ်ခါးကောင်းကြောင်းကိုဘဲ ချီးကျူးနေတဲ့ မောင့်အမျိုးသမီးလေး ကို အသဲယားတာနဲ့ ပါးလေးကို ရွှတ်ခနဲ တစ်ချက်လောက် နမ်းလိုက်ပြီး ယိမ်းကို ခပ်တိုးတိုးလေးပြောလိုက်တယ်

တီချယ် ယိမ်း (သို့) မောင့်ရဲ့ ယိမ်းWhere stories live. Discover now