Part 14

2K 105 10
                                    


''မမညို ၊ ယိမ်းစီကို လာတာလား''

''အွန်း ၊ ဟုတ်တယ် လမ်းမှာ ယိမ်းကြိုက်တဲ့ မုန့်လင်မယား တွေ့လို့ ဝယ်လာပေးတာ တခြားမုန့်တွေလဲပါတယ်''

''ဟီးဟီး ကျေးဇူးပါဘဲ မမညို''

''အင်း ရပါတယ် ယိမ်းရဲ့ ၊ ဒါနဲ့ စာမေးပွဲရောဖြေနိုင်ရဲ့လား ချာတိတ်''

''ဟုတ် ဟုတ်ကဲ့ ဖြေနိုင်ပါတယ်ရှင့်''

''မမညိုနဲ့ အိမ့်ခြူးမောင်နဲ့က သိနေကြတာလား''

''ဟုတ်ကဲ့ တီချယ် ယိမ်း''

ကလေးမက ဘာလို့ မမညိုကို မမဟန်နီလို့ခေါ်လိုက်တာလဲ နောက်ပြီး မမညိုကရော ကလေးမကို ချာတိတ်လို့ခေါ်လိုက်တာလား

''တီချယ် ယိမ်း ''

''ဟင် ဟင်''

''ဒါဆို အိမ့်သွားလိုက်အုံးမယ်နော် ''

''အွန်းအွန်း ၊ ပြန်ခါနီးကျရင် ခနလာခဲ့အုံးနော်''

''ဟုတ်ကဲ့ တီချယ် ယိမ်း၊ မမဟန်နီ အိမ့်ကို သွားခွင့်ပြုပါအုံးရှင့်''

''အင်း ''

''ယိမ်း ၊ မမလဲ ပြန်တော့မယ်နော် အလုပ်ကိစ္စလေးရှိသေးလို့''

မမညိုပြောဖူးတဲ့ ချာတိတ်ဆိုတာ ကလေးမလေးတော့မဟုတ်လောက်ဘူးမလား ငါ့စိတ်တွေက လေးနေတယ် ညကျမှ မမညို​ကို မေးကြည့်ရမယ် ယိမ်းထင်သလိုမဖြစ်ပါစေနဲ့လို့ဘဲ ဆုတောင်းရတော့မယ် ကလေးမရယ်

''ဟုတ်ကဲ့ မမညို''

ချာတိတ်က ယိမ်းနဲ့ တအားရင်းနှီးတာဘဲ ၊ဆရာ နဲ့တပည့်ဘဲ ငါထင်သလိုမဖြစ်နိုင်ပါဘူးလေ ဒါပေမဲ့ ချာတိတ်ရဲ့ မျက်ဝန်းတွေက အရမ်းတောက်ပလွန်းနေတယ် တို့မင်းကို တခြားသူတွေနဲ့ ယှဥ်လုရတာမျိုး တို့မလုပ်ချင်ဘူး ချာတိတ် ဒါပေမဲ့ မင်းက တို့အပိုင်တော့ဖြစ်လာစေရမယ်

.....

''မောင် ၊ နင်ပြောတော့ တီချယ် စိမ်းလဲ့ရည်စီသွားတာစို၊ ငါခုနက နင့်ကို သွားခေါ်တာ တီချယ် စိမ်းလဲ့ရည်က နင်အပြင်ပြန်ထွက်သွားတယ်လို့ပြောတယ် ဘယ်သွားတာလဲ မောင်''

''ဘယ်မှမသွားပါဘူး မဝါလင်းရဲ့ လမ်းမှာ တီချယ် ယိမ်းနဲ့တွေ့လို့ တီချယ် ယိမ်းစီက စာအုပ်တွေ ဝိုင်းသယ်ပေးနေတာ''

တီချယ် ယိမ်း (သို့) မောင့်ရဲ့ ယိမ်းWhere stories live. Discover now