Part 21

1.8K 91 8
                                    

''မဝါလင်း ၊ ဘယ်နနာရီထိုးပြီလဲ''

''၁၂ခွဲပြီ''

''ဟာ ၊ နောက်ကျနေပြီ မဝါလင်းဘဲ ပိုက်ဆံတွေရေလိုက်တော့နော် မောင်သွားပြီ''

''ဟဲ့ ဘယ်သွားမလို့လဲ ၊ ဟာ ချစ်တီးမောင်တော့ ငါကိုတစ်ယောက်ထဲထားပြီး ပြေးသွားပြန်ပြီ''

.....

နောက်ကျနေပြီ ယိမ်းတော့ စိတ်ကောက်နေတော့မှာဘဲ

''တီချယ် ကြည် ဝေ ၊ တီချယ် ယိမ်းရှိလားရှင့်''

''မရှိဘူးသမီး ၊ ယိမ်းက ပိတောက်အောက်မှာရှိမယ်ထင်တယ်''

''ဟုတ်ကဲ့ ၊ ဒါဆို သမီးသွားလိုက်အုံးမယ်နော်''

''အေးအေး''

''ဒီကလေးမလေး အလောတကြီးနဲ့ ဘာဖြစ်လာပြန်ပြီလဲ မသိဘူး ၊ ကထိန်ကိစ္စကို တီချယ်ကြီးက ခွင့်ပြုလိုက်တယ် ဆိုတာကိုတောင်မပြောလိုက်ရဘူး နောက်မှဘဲ ဝါလင်းကိုဘဲ ပြောလိုက်တော့မယ်''

....

''ယိမ်း ၊ ယိမ်း ယိမ်း''

''ဪ ဖြေးဖြေးလာပါ ဘယ်နှယ့်ကြောင့်ပြေးလာတာလဲ နေကပူကပူနဲ့''

''ယိမ်းကို လွမ်းလို့ မောင်ပြေးလာတာ''

''ဘာမှလဲမဆိုင်ဘူး လွမ်းတဲ့သူက ဒီအချိန်မှ လာရလားပြော''

''မောင်ကလေ ၁၂ နာရီ ထိုးတာနဲ့ ချက်ချင်းကိုပြေးလာချင်တာ ၊ တီချယ်ကြည်ဝေက ကထိန်အတွက်အလှူငွေတွေ မောင်တို့ကို ကောက်ခံနေလို့ ကြာသွားတာပါ ၊ မောင့်ကို စိတ်မဆိုးပါနဲ့ နော်''

ပါးစပ်ကလဲ ယိမ်းကိုရှင်းပြရင်း လက်ကလဲ ယပ်တောင်ကိုင်ပြီး ယိမ်းကိုခပ်ပေးနေတယ်
''ရှင့်ကိုယ်ရှင်လဲ ကြည့်အုံး ချွေးတွေရွဲလို့ ၊ လာအရှေ့နည်းနည်းတိုး''

''ဟုတ်ကဲ့''

''ဒီမှာကြည့်စမ်း မျက်နှာတွေမှာရော ချွေးတွေကြီးဘဲ နောက်ခါ မပြေးရဘူးနော် ကလေးလဲမဟုတ်တော့ဘူး လဲကျရင် ဘယ်နှယ့်လုပ်မလဲ''

ယိမ်းကပြောလဲပြော မောင့်မျက်နှာကို တစ်ရူးနဲ့ ညင်ညင်သာသာလေး ချွေးတွေကို သုတ်ပေးနေတယ်

တီချယ် ယိမ်း (သို့) မောင့်ရဲ့ ယိမ်းWhere stories live. Discover now