''ကိုယ်တွေပူနေတာဘဲ သမီး၊ ညနေကျရင် ဆေးခန်းသွားပြမှ ရတော့မယ်''
''အိမ့် ဆေးခန်းမသွားချင်ဘူးမေမေ ၊ ခနလေးအိပ်လိုက်ရင် သက်သာသွားမှာပါ''
''မသွားလို့ မသွားရဘူးလေ ၊သမီး ဆေးမထိုးချင်ရင် မေမေ မမသန္တာကို ပြောပေးမယ်နော် ဆေးခန်းတော့ သွားပြရမယ်''
''ဟုတ်ကဲ့ ''
မမသန္တာဆိုတာက အိမ့်ရဲ့ အစ်မဝမ်းကွဲပါ ။ မမသန္တာက သီရိမြုင်နားမှာ ကိုယ်ပိုင်ဆေးခန်းလေးတစ်ခု ဖွင့်ထားတယ်။ အိမ့်တို့ မိသားစုတွေ နေမကောင်းရင် မမသန္တာဆေးခန်းကိုဘဲ သွားပြကြတာ
''ဆိုင်ကယ် မောင်းလို့နိုင်လားသမီး ၊ မမောင်းနိုင်ရင် မေမေတို့ Taxi နဲ့ဘဲ သွားကြမယ်လေ''
''အိမ့် ဆိုင်ကယ်တော့ မောင်းနိုင်ပါသေးတယ် မေမေရဲ့ မေမေသာ မမသန္တာကို ဆေးမထိုးဖို့ပြောပေး''
''ဟုတ်ပါပြီရှင် ၊ ပြောပေးပါ့မယ် ၊ လူကောင်ဘဲကြီးနေပြီ ဆေးထိုးအပ်ကတော့ အခုထိကြောက်တုန်းဘဲနော် မေမေ့အဆိုးလေးက''
''အိမ့်က ဆေးထိုးအပ်ကြောက်တာမဟုတ်ပါဘူး မေမေရဲ့ အသားနာမှာဘဲ ကြောက်လို့ပါ''
''ဟုတ်ပါပြီ မေမေ ယုံပေးလိုက်ပါမယ်''
''ဟီးဟီး''
...........................
''ဒီမှာ ခနစောင့်နေအုံးနော် သမီး၊ မေမေ ဆေးခန်းစာအုပ်သွားယူပေးမယ်''
''ဟုတ်ကဲ့ မေမေ''
''ဟိတ် ကောင်လေး၊ တို့ထိုင်ဖို့ ဟိုဘက်နည်းနည်းလောက်တိုးပေးလို့ရမလား''
''ဟုတ်ကဲ့ ရပါတယ်၊ နောက်ပြီး အိမ့်က ယောကျာ်းလေးမဟုတ်ပါဘူး မိန်းကလေးပါ''
''အယ် sorryပါ တို့တောင်းပန်ပါတယ်၊ တို့ရုတ်တရက်ကြည့်လိုက်တာ မင်းကို ကောင်လေးလို့ထင်သွားတာပါ''
''ဟုတ် ၊ ရပါတယ်ရှင့် အိမ့် ပုံစံကလဲ ရုတ်တရက်ကြည့်ရင် ယောကျာ်းလေးနဲ့ဆင်နေတော့ လူတော်တော်များများ မှားကြပါတယ်''
''မှားလဲ မှားချင်စရာလေးဘဲ ချာတိတ်က''
''ရှင်''
YOU ARE READING
တီချယ် ယိမ်း (သို့) မောင့်ရဲ့ ယိမ်း
Romanceအမျိုးသမီးတစ်ယောက်ကို အမျိုးသမီးတစ်ယောက်က မြတ်နိုးမိတာဟာ အပြစ်လား၊ ဒါဟာ အပြစ်ဆိုရင် မောင်ကြည်ကြည်ဖြူဖြူနဲ့ ခံယူပစ်လိုက်မယ် ယိမ်း။ အတ္တတွေ ၊ မာနတွေ ကြီးတဲ့သူတွေသာ မရှိခဲ့ရင် မောင်တို့ ပျော်ရွှင်စရာ အမှတ်တရတွေ အများကြီးကို ဖန်တီးနိုင်ခဲ့မှာ။