Part 34

2.2K 111 10
                                    


''ယိမ်း''

မီးမီးက ယိမ်းကိုတွေ့တော့ မေမေလိုခေါ်ပြီး ယိမ်းအနားကိုပြေးသွားခဲ့သည်။ယိမ်းက မောင့်ကိုမြင်တာနဲ့ အံ့သြသွားတယ်ထင်တယ် ခနအကြာတော့ ယိမ်းက မောင့်အရှေ့ကနေ မီးမီးလက်ကို ဆွဲပြီး လှည့်ထွက်သွားဖို့ အလုပ် ယိမ်းရဲ့လက်တစ်ဖက်ကို မောင် ဆွဲထားလိုက်သည်။

''ယိမ်း ၊ ယိမ်း ခနလေးနေပါအုံး''

လွမ်းနေခဲ့တာ ဒီမျက်နှာလေးကို ၊ကြားချင်နေခဲ့တာ ဒီအသံလေး မောင်ဘယ်လောက်ဘဲ မေ့ဖို့ကြိုးစားနေပါစေ ဘယ်လောက်ဘဲ ကြိုးစားခဲ့ပါစေ အခုတော့ မောင်မေ့ဖို့ကြိုးစားခဲ့သမျှဟာ ယိမ်းရဲ့မျက်နှာလေးကိုတွေ့လိုက်ရတာနဲ့ အကုန်သဲထဲရေသွန်ဖြစ်သွားခဲ့ရသည်။

''မေမေ ၊ဂိုဂိုက မီးမီးပြုက်ကျဝါးတုန်းက မီးမီးဂိုယေ အုံဖွ ရုပ်ပေးတယ်''

''ကျေးဇူးတင်ပါတယ် အိမ့်ခြူးမောင်''

''ခနနေပါအုံး ယိမ်းရဲ့ မီးမီးက၊ ယိမ်းရဲ့ သမီးလေးလား''

''အွန်း ဟုတ်တယ် ၊ တို့ရဲ့သမီးလေး''

''မာမီနဲ့ ဂိုဂိုနဲ့က သိနေကျတာယား မာမီ''

''ဟိုနားလေးက မမတို့နဲ့ ခနသွားဆော့နေနော် မီးမီး ၊ မာမီ ခနနေကျရင် လာခဲ့မယ်နော်''

''ဟုတ်ကဲ့''

သမီးလေးက မောင်နဲ့အရမ်းတူတာ မောင့်လို ပါးချိုင့်လေးတစ်ဖက်လဲ သမီးလေးမှာရှိတယ် ယိမ်းပြောရင် ယုံကြမှာမဟုတ်ဘူးဆိုတာ သိပါတယ် ။

ယိမ်းရဲ့ မောင့်အပေါ်ကို ထားတဲ့ချစ်ခြင်းမေတ္တာဟာစစ်မှန်ခဲ့ကြောင်း ယိမ်းရဲ့သမီးလေးကသက်သေဘဲ ဖြစ်လိမ့်မယ် ။ သွေးမတော် သားမစပ်တာတောင် သမီးလေးက မောင်နဲ့တူနေခဲ့တယ်။

''တို့ကို ဘာပြောစရာရှိလို့လဲ ''

''ဟို မတွေ့တာ ကြာပြီနော် ယိမ်း''

''အွန်း''

''ဒီနှစ်တွေမှာရော အဆင်ပြေရဲ့လား''

မောင့်ရဲ့ အဆင်​ပြေရဲ့လားဆိုတဲ့ စကားဟာ ယိမ်းကိုပိုဝမ်းနည်းစေခဲ့တယ်။ မောင်နဲ့ မတွေ့ရတော့တဲ့နောက်ပိုင်း ဘယ်သူကမှ ယိမ်းကို အဆင်ပြေရဲ့လားဆိုပြီး မမေးခဲ့ကြဘူး ၊ မောင်က ယိမ်းရဲ့ စိတ်ကိုဘဲ သိနေခဲ့တာလား ဒါမှမဟုတ် ယိမ်းကဘဲ ဟန်ဆောင်တာညံ့လို့လား ဒါပေမဲ့ အခုချိန်မှာ ဒါတွေတွေးနေလို့လဲ ဘာမှမထူးတော့ပါဘူး ၊ ဟန်ဆောင်လက်စနဲ့ ဆက်ဟန်ဆောင်ရမှာပေါ့

တီချယ် ယိမ်း (သို့) မောင့်ရဲ့ ယိမ်းWhere stories live. Discover now