End (ဇာတ်သိမ်းပိုင်း)

2.6K 156 43
                                    

ဒီနေ့ကတော့ မောင်နဲ့ ယိမ်းတို့ရဲ့ မဂ်လာပွဲနေ့မလို့ အိမ်မှာ အကုန်လုံးက အလုပ်တွေ ရှုပ်နေကြသည် ။
မောင့်အမျိုးသမီးလေး ကတော့ မနက်ကတည်းက အခန်းထဲမှာ အလှပြင်နေလေရဲ့ ၊ သမီးလေးကိုတော့ ဟန်နီ က အလှပြင်ပေးမယ်ဆိုပြီးတော့ ခေါ်သွားသည်။ မေမေတို့ကတော့ ကျွေးမွေးဖို့ ကိစ္စအဝဝကို တစ်ဖန်ပြန်လည်စစ်ဆေးနေကြ သည်။ ရွာသူကြီးကတော့ ကာလသားခေါင်းဆောင်နဲ့ တိုင်ပင်ပြီး မဂ်လာပွဲအတွက် လိုအပ်တာမှန်သမျှကို သေချာစီစဥ်ပေးနေတော့သည်။

အမှန်တော့ မောင်တို့ရဲ့မဂ်လာပွဲကို မော်လမြိုင်ပြန်ပြီး လုပ်ဖို့ရာ တွေးထားပေမဲ့ မောင့်အမျိုးသမီးက ဒီရွာမှာဘဲ ရွာဓလေ့ထုံးစံ အတိုင်း လုပ်ချင်တယ်ဆိုလို့ မောင့်အမျိုးသမီးလေးသဘောအတိုင်း ရွာမှာဘဲ မဂ်လာဆောင်အခမ်းနားကို ကျင်းပဖို့ရာ ဆုံးဖြတ်လိုက်တာဖြစ်သည်။

''မောင် နင် အခန်းရှေ့မှာ ဘာရပ်လုပ်နေတာလဲ''

''ဟဲဟဲ မောင့်အမျိုးလေးကို လာချောင်းတာလေ😁"

''နင်ဟာလေ ပိုကိုပိုတယ် နောက်လဲ တွေ့ရမှာဘဲကို''

''မဝါလင်းက ဒီလိုခံစားချက်တွေကို ဘယ်သိမလဲ ဟုတ်သားဘဲ မဝါလင်းမှ မဂ်လာမဆောင်ဖူးတာ''

''နင်ရော အရင်က မဂ်လာဆောင်ဖူးတာကျလို့ အခုမှ မဂ်လာဆောင်ဖူးတဲ့သူကများ''

''ဘာဘဲ ဖြစ်ဖြစ် မောင်က မဝါလင်းထက်အရင်မဂ်လာဆောင်တာလေ အဲ့တော့ အခုခံစားချက်ကို မဝါလင်းဘယ်သိမလဲ''

''အမယ် ငါက ဟန်နီနဲ့ မဂ်လာဆောင် ချင်တာ ကြာပြီ ဟန်နီ့ဒယ်ဒီက နောက်လမှဆိုလို့ မဟုတ်ရင် နင့်ထက်တောင် ငါက အရင်မဂ်လာဆောင်ပြီးသွားတာကြာပေါ့''

''မဝါလင်းတို့ မဂ်လာဆောင်ကြရင် လက်ဖွဲ့ကြီးကြီးပေးမှာမလို့ အခုတော့ မောင် တို့ မဂ်လာဆောင်မှာ လက်ဖွဲ့ကြီးကြီးပေးရမယ်နော် ''

'' အဲ့အတွက်တော့ ဘာမှမပူနဲ့ မောင် ငါ့သူငယ်ချင်းကြီးအတွက် suprise ကြီးကြီးလက်ဖွဲ့ထားတယ် အဲ့တာကို နင်တွေ့ပြီးရင် ငါ့ကို ကျေးဇူးတင်လို့ဆုံးတော့မှာမဟုတ်ဘူး ''

တီချယ် ယိမ်း (သို့) မောင့်ရဲ့ ယိမ်းWhere stories live. Discover now