Part 9

2.1K 108 10
                                    

''ညနေက မမညို ဘယ်သွားတာလဲ''

''မအိပ်သေးဘူးလား ယိမ်း''

''ဟုတ်ကဲ့ ယိမ်း အိပ်မပျော်သေးလို့ပါ မမညို ၊ ဒါနဲ့ မမညိုကို ကြည့်ရတာ ညနေကပြန်လာကတည်း က ပျော်နေသလိုဘဲ ''

''ဘာမှမဟုတ်ပါဘူး ယိမ်းရဲ့ ဒီနေ့ ညနေ သန္တာစီ သွားတုန်းက ဆေးခန်းမှာ ချာတိတ်လေး တစ်ယောက် နဲ့တွေ့ခဲ့လို့ပါ''

ဆေးခန်းဆိုမှ ကလေးမရော အဆင်ပြေရဲ့လား မသိဘူး

''အော်''

''သူ မမညိုကို ဘယ်လို ခေါ်လဲ သိလား ယိမ်း''

''ဟင့်အင်း ၊ မမညိုကို ဘယ်လိုခေါ်လိုက်လို့လဲ''

''သူက မမညိုကို ခေါ်တာ မမဟန်နီ တဲ့ ၊ သူခေါ်တာလေးကို မမညို သဘောကျလို့ပါ''

''တို့ မမညိုက ခေါ်တဲ့နာမ်စားလေးကို သဘောကျတာလား ဒါမှမဟုတ် ခေါ်တဲ့ ချာတိတ်လေး ကို သဘောကျနေတာလား ယိမ်းကို မှန်မှန်ပြောနော်''

''မဟုတ်ပါဘူး ယိမ်းကလဲ''

''အယ် တို့မမညို ရှက်နေပြီ ၊ မျက်နှာလေးကို ပန်းရောင်သန်းလို့😁''

''မဟုတ်ပါဘူး ဆို ယိမ်းကလဲ ၊ မမညို သွားအိပ်တော့မယ်''

''ဟီးဟီး ၊ဟုတ်ကဲ့ မမညို''

ညို့ရဲ့ ဒီနေ့ ရေးမဲ့ ဒိုင်ယာရီ စာအုပ်လေးမှာ ချာတိတ်ဆိုတဲ့ ကောင်မလေးတစ်ယောက်အကြောင်းက မပါမဖြစ်ပေါ့။

မမညို ပြောမှ မနေ့က ယိမ်းကို ကလေးမလေးခေါ်တဲ့ နာမ်စားလေးကိုတောင်သတိရမိတယ် မိုးရေထဲမှာမို့သာ ရှင်းရှင်းလင်းလင်း မကြားလိုက်ရပေမဲ့ သူခေါ်တာလေးကို ယိမ်း တစ်ချက်တော့ သေချာကြားလိုက်တယ် ၊ ယိမ်းကို ယိမ်းလို့ခေါ်တဲ့ သူတွေအများကြီးရှိပေမဲ့ အိမ့်ခြူးမောင် ခေါ်တဲ့ ယိမ်းဆိုတဲ့အသံလေးက ပိုနားထောင်လို့ကောင်းနေသလိုဘဲ။

ကလေးမလေးရေ တီချယ်တော့ မင်းနဲ့မှ ခက်တော့မယ်ကွယ် တပည့်တစ်ယောက်အပေါ်မှာ မထားသင့်တဲ့စိတ် မကျော်သင့်တဲ့ စည်းတွေမှန်းသိနေတော့ နှလုံးသားက ပိုနာကျင်ရတယ်ကွယ်။

.................

''မဂ်လာပါ တီချယ်ယိမ်း''

''မဂ်လာပါ ကွယ်၊ ဒီနေ့ ကျောင်းလာတာ စောတယ်နော် အိမ့်''

တီချယ် ယိမ်း (သို့) မောင့်ရဲ့ ယိမ်းWhere stories live. Discover now