Part 61

2K 133 18
                                    

''မေမေ မောင်ရော''

''မောင်ငယ် အိမ်ရှေ့က သစ်ပင်အောက်မှာ ယိမ်းရဲ့ ဆေးရုံက ပြန်ရောက်ကတည်းက အပင်အောက်မှာ သွားထိုင်နေတာ''

''အို အပြင်မှာလေတွေ ဒီလောက် တိုက်နေတာ မောင်တော့ အအေးပတ်တော့မှာဘဲ မေမေရယ် ယိမ်းသွားခေါ်လိုက်အုံးမယ်နော်''

''အေးအေး သမီးလေး''

ယိမ်းလဲ မောင်ရှိရာ သစ်ပင်အောက်ကို သွားလိုက်သည်။

''ဒီမှာ ဘာလုပ်နေတာလဲ မောင်ရဲ့ အအေးပတ်တော့မှာဘဲ''

''ယိမ်း ''

''ဘာပြောမလို့လဲ မောင်''

''မောင်နဲ့အတူတူ လမ်းလျှောက်ထွက်ချင်လား''

''အပြင်မှာ လေစိမ်းတွေတိုက်နေတယ်လေ မောင်ရဲ့ မောင်အအေးမိမှာပေါ့''

မောင်လဲ ယိမ်းရဲ့လက်လေးကို ကိုင်လိုက်ပြီး

''ခနလေးဘဲလေ ယိမ်းရဲ့ နော် ''

''ဟုတ်ပါပြီရှင် မောင့်သဘော''

''အဲ့တာကြောင့် မောင်က မောင့်အမျိုးသမီးလေး ကိုချစ်နေရတာ''

မောင်နဲ့ ယိမ်းလဲ အပြင်ကို သွားဖို့အလုပ် သမီးလေးက မောင်တို့အနားကို ရောက်လာခဲ့သည်။

''ဘယ်သွားမလို့လဲ မေမေ''

''ဂိုဂိုနဲ့အတူတူ လမ်းလျှောက်ထွက်မလို့ပါ သမီးလေးရဲ့''

''အဲ့တာဆို ရဝီလဲ လိုက်ချင်တယ် မေမေ ၊ ရဝီရော လိုက်လို့ရလား''

မောင်လဲ သမီးလေးရဲ့ခေါင်းလေးကို လက်လေးနဲ့ ဖွဖွလေး ပွတ်လိုက်ပြီးတော့

''မောင်တို့ ရဝီလေးကိုလဲ ခေါ်သွားကြရအောင်နော် ယိမ်း''

''လာ မေမေ့လက်ကို တွဲထားနော် ရဝီ''

''ဟုတ်ကဲ့ ''

ဒီလိုနဲ့ သမီးလေးရဲ့ လက်ကို တစ်ယောက်တစ်ဖက်ကိုင်ကာ လမ်းလျှောက်ထွက်ခဲ့တော့သည်။
................

''ဟဲ့ မြညို ထူးထူးဆန်းဆန်း အိမ်ထဲကအိမ်ပြင်ထွက်လာလို့ပါလား ဘယ်သွားမလို့တုန်း''

မလုံးတင်ရဲ့ ထေ့ထေ့ငေါ့ငေါ့ အမေးကို မြလဲ လျစ်လျူရူပြီး ထွက်သွားဖို့လုပ်တော့ မဂွတ်ထော်နဲ့ မတင်မေတို့က မြအရှေ့ကနေ ပိတ်ရပ်ထားကြသည်။

တီချယ် ယိမ်း (သို့) မောင့်ရဲ့ ယိမ်းWhere stories live. Discover now