အခန်း (၂၉၅) မွေးမြုခြင်းနှင့်အစားအစာ (၂၀)

139 26 0
                                    


ထိုအရာအားချွတ်ရသည်မှာ မိနစ်အနည်းငယ်သာကြာခဲ့သော်လည်း ပြန်တပ်ရန်အတွက်မူ ဖူအန်မှာ တစ်ညလုံးကြိုးစားလိုက်ရလေသည်။

နောက်တစ်နေ့သို့ရောက်သောအခါ သူမဦးနှောက်တစ်ခုလုံးနာကျင်နေသည်။
နေ့သစ်တစ်ခုသို့ရောက်နေပြီဖြစ်သော်လည်း ဖူအန်မှာ အားအင်မရှိပဲ ငေးကြောင်ကြောင်ဖြစ်နေလေသည်။

ဂိမ်း၏နောက်ပိုင်းအဆင့်တွင် မည့်သည့်ချွတ်ချော်မှုမျိုးမဆို အမှားကြီးကြီးဖြစ်သွားနိုင်ပေသည်။
ဖူအန်က သူမကိုယ်သူမနောက်ထပ်တစ်ကြိမ် ဤဂိမ်းပြီးဆုံးသည့်အချိန်ထိ နေရာလွတ်၏နောက်ထပ်စွမ်းရည်များကို မစမ်းသပ်တော့ဟု ကျိန်ဆိုလိုက်သည်။

နောက်ထပ်တစ်ကြိမ်စမ်းသပ်ပါက သူမခွေးဖြစ်ပေတော့မည်။
…………………………………….

ဂိမ်း၏ ၂၀ ရက်မြောက်နေ့…………..နေ့လယ်ခင်း…………

မွေးမြူရေးဧရိယာတွင် လူများမှာ သိသိသာသာပင် နှစ်ဖွဲ့ကွဲနေကြသည်။

လူတစ်ဖွဲ့မှာ အရှေ့ပိုင်းနေရာကိုအသည်းအသန်လုချင်နေကြခြင်းဖြစ်ပြီး မရပါက သေချာပေါက်ပင် အဖမ်းခံကြရတော့မည်ဖြစ်သည်။

နောက်တစ်ဖွဲ့မှာ အလျှင်အမြန်မလုပ်ကြပဲ အေးအေးဆေးဆေးအချိန်ယူလုပ်နေကြသည်။

လက်ကောက်များဝတ်ထားရသဖြင့် အခြားလူများထက်သာလွန်သောခံစားချက်မှာ သူတို့မျက်နှာပေါ်တွင် ပေါ်လွင်နေသည်။ သူတို့မှာ အသည်းအသန်မလှုပ်ရှားပဲ လူတန်းကြီး၏နောက်ဆုံးတွင် တန်းစီနေကြကာ လက်ကောက်မရှိကြပဲ ရှေ့တွင်တန်းစီနေကြသည့်လူများအား သနားသလိုကြည့်လိုက်ကြသည်။

ဤကဲ့သို့သောအကြည့်မျိုးမှာ သည်းမခံနိုင်စရာပင်။ ဤကဲ့သို့ကြည့်နေကြသည့်လူများကိုမြင်လျှင် ဖူအန်သွားရိုက်ချင်မိသည်။

သို့သော်လည်း ဘဝကြီးတွင် အတက်အကျများနှင့်ပြည့်နှက်၍နေလေသည်။ အလှည့်အပြောင်းမှာ မမျှော်လင့်ပဲ ရောက်လာတတ်သည်။

ယနေ့တွင် အစိမ်းရောင်နှလုံးပုံလေးမှာ ထိုနေရာ၌ ရှိမနေခဲ့ပေ။ လူတိုင်းမှာ ဂိတ်လေးမှတစ်ဆင့် အစားအသောက်ဧရိယာသို့ အန္တရယ်ကင်းကင်းဖြင့် ဝင်ရောက်နိုင်ခဲ့ကြသည်။

သေမင်းဂိမ်းထဲတွင် ချစ်မိခြင်း (Book 3)Where stories live. Discover now