ထိုလူက ကြည့်လိုက်သည်နှင့် စိတ်ကြီးဝင်ပြီးသောင်းကျန်းဟန်ပေါ်နေသည့်ဖူအန်မှာ ချက်ချင်းညဏ်ကောင်းပြီးလိမ္မာသည့်ဟန်ပန်ဖြစ်သွားသည်။
“အစ်ကိုဖု”
ဖုရီရှီက ခေါင်းညိတ်လိုက်၏။ သူ့နောက်တွင်ရပ်နေသည့်လက်ထောက်ဖြစ်သူမှာ ရှေ့သို့တိုးလာပြီး ရဲနှင့်ထိန်းသိမ်းထားမည့်ကိစ္စကို ဆွေးနွေးလိုက်သည်။
လီရှောင်၏မျက်နှာညိုမည်းသွားသည်။ ဤလူမှာ သူမတို့နှင့်အတူဖြစ်ကြောင်း မမျှော်လင့်ထားခဲ့မိချေ။
သူထွက်လာသည့်အချိန်တွင် ထိုလူက သူ့အားမင်သေသေဖြင့်ကြည့်လိုက်သည်။ ထိုလူ၏မျက်နှာမှာ အမူအရာကင်းမဲ့နေသော်လည်း သူ့စိတ်က ချက်ချင်းနှစ်မြှုပ်သွားသလို ဖြစ်သွားသည်။
ထိုလူ၏မျက်လုံးထဲတွင် သူသည် ပုရွက်ဆိတ်လေးအလားပင်။
“သွားမယ်”
ဖုရီရှီက ဖူအန်ကိုပြောလိုက်၏။
ဖူအန်က ကျန်းယွမ်ယွမ်အား ဆွဲခေါ်လာသည်။
ရဲစခန်းမှ လမ်းလျှောက်ထွက်လာရင်း ကျန်းယွမ်ယွမ်မှာ ချုပ်တည်းထားရသည့်စိတ်လှုပ်ရှားနေသောအသံဖြင့် ပြောလိုက်၏။
“အန်အန်……………ငါတို့အစ်ကိုက အရမ်းချောတာပဲ”
ကျန်းယွမ်ယွမ်က ဖူအန်၏လက်မောင်းကို ဖျစ်ညှစ်လိုက်ကာ………..
“ငါတောင်းပန်ပါတယ်…………..ငါမှားသွားတာ……..
ဒီလိုရုပ်ချောတဲ့အစ်ကိုတစ်ယောက်သာဆိုရင် သူ့နောက်မှာ မိန်းကလေးတွေ ပင်လယ် ၁၀ စင်းရှိနေရင်တောင်မှ ငါ့ကိုကြိုက်နေရင် ရပြီ”
“အိမ်မက်မက်မနေနဲ့…………………အခြားလူသာဆိုရင် ငါနင့်ကိုအိမ်မက်မက်ခိုင်းအုန်းမယ်…………..ဒါပေမယ့် အစ်ကိုဖုက မရနိုင်ဘူး”
ဖူအန်က ရှေ့မှလျှောက်နေသည့်ဖုရီရှီအားကြည့်လိုက်သည်။
“အစ်ကိုဖုက ကမ္ဘာမြေပေါ်က ဟာတွေကိုစားမှာမဟုတ်ဘူး……………ပြီးတော့ ငါတို့က သူ့ကိုဆွဲဆောင်နိုင်မယ့် သေမျိုးတွေ မဟုတ်ဘူး”