အခန်း (၂၈၀) မွေးမြုခြင်းနှင့်အစားအစာ (၅)

72 18 0
                                    


ဖူအန်မှာကုတင်ပေါ်တွင် လှဲလိုက်ရင်း လက်ချောင်းများဖြင့် ဝက်အူလှည့်ကိုလှည့်ရန်ကြိုးစားလိုက်သည်။

ပစ္စည်းကိရိယာများမရှိပဲနှင့်လုပ်ရသည်မှာ ခက်ခဲလှသည်။
ဝက်အူလှည့်တစ်လုံးပြုတ်ရန် ၂ ရက် လုပ်လိုက်ရပြီး သူမလက်ထိပ်တစ်ခုလုံးလည်း နီရဲနေပြီဖြစ်သည်။

ဤနှစ်ရက်အတွင်းတွင် ပထမနေ့တုန်းကလိုပင် သူမအလုပ်လုပ်နေခဲ့ရသည်။
အလုပ်နည်း၊ အစားကောင်းပြီး နားချိန်များများရလေသည်။

ထိုအချက်က ဝက်အူလှည့်ရန် သူမအတွက်လုံလောက်သောအချိန်ရသွားသည်။
…………………………………………………………

ဂိမ်း၏ ၃ ရက်မြောက်နေ့…………..

ဤတစ်ကြိမ်တွင် ဖူအန်၏အလုပ်မှာ တင်းတိပ်များနှင့်မိန်းကလေး၏အလုပ်နှင့်မတူတော့ပဲ ငါးကန်ကို အစားကျွေးရန် တာဝန်ကျလေသည်။

ယခင် ၂ ကြိမ်အလုပ်အတွေ့အကြုံရှိသဖြင့် သူတို့ခွဲသွားရသော်လည်း ဖူအန်က သူမအဖွဲ့ကို ရှာတွေ့လိုက်၏။

ငါးကန်မှာ အလွန်စိုစွတ်ထိုင်းမှိုင်းနေပြီး အစွန်းထောင့်နေရာတွင် မိုးကာအဝတ်အစားများထားသည့်အခန်းလေးတစ်ခန်းရှိသည်။

ဖူအန်သည် ထိုအဝတ်အစားများ လဲလိုက်ပြီး ပစ္စည်းကိရိယာများဖြင့် ငါးကန်အား သန့်ရှင်းရေးလုပ်လိုက်ပြီး ရေလဲလိုက်သည်။ ထို့နောက် ကန်ထဲရှိငါးများအား အစာကျွေးလိုက်၏။

ထိုအရာများလုပ်ဆောင်ပြီးသောအခါ အခြားလူများက မပြီးကြသေးချေ။
ဖူအန်က အခြားလူများအား ကြည့်လိုက်ပြီး သူမအင်္ကျီများကို အရင်သွားချွတ်လိုက်သည်။

ချွတ်နေသည့်အချိန်တွင်ပင် တစ်စုံတစ်ယောက်ဝင်လာ၏။

“အိုး……………..လုပ်ရတာအရမ်းပင်ပန်းတာပဲ……………ငါ့ပုခုံးတွေတောင် အရမ်းနာနေပြီ”

“ဒီငါးညှီနံ့တွေကိုမခံနိုင်တော့ဘူး…………..အရမ်းညှီတယ်”

“အင်း………………အဝတ်အစားတွေမြန်မြန်လဲလိုက်…………….အပြင်ထွက်ရင် နံတော့မှာမဟုတ်ဘူး”

သေမင်းဂိမ်းထဲတွင် ချစ်မိခြင်း (Book 3)Where stories live. Discover now