အခန်း (၃၀၃) မွေးမြုခြင်းနှင့်အစားအစာ (၂၉)

125 30 0
                                    


ဂိမ်း၏ ၂၇ ရက်မြောက်နေ့၊ နေ့လယ်ခင်း………..

ဖူအန်သည် ဟောခန်းမအပေါ်ဖက်တွင်ပင် ဆက်၍နေနေသည်။

ထိုအချိန်တွင် အောက်ဖက်မှ ဦးတည်ရာပေါင်းစုံသို့ပျံ့နှံ့လာသည့်စူးရှသောအော်သံများထွက်ပေါ်လာ၏။

ဖူအန်က အောက်သို့ငုံ့ကြည့်လိုက်သော်လည်း မည်သည့်လှုပ်ရှားမှုကိုမျှ မတွေ့ရချေ။ ထို့ကြောင့် လေဝင်လေထွက်ပြွန်၏နံရံကိုသာမှီ၍ ဆက်ထိုင်နေလိုက်သည်။

ထိုအခိုက်တွင် အောက်ဖက်မှ အလျှင်အမြန်ပြေးလာနေသည့်ခြေသံများ ထွက်ပေါ်လာ၏။

ဖူအန်သည်လျှင်မြန်စွာဖြင့် လှဲချလိုက်ပြီး လေဝင်လေထွက်ပြွန်အဟလေးမှတစ်ဆင့် အောက်သို့ကြည့်လိုက်သည်။

ဒါက……အနက်ရောင်ဆံပင်နဲ့လား…….လူပဲ…………သူ့အဝတ်အစားတွေအရဆိုရင် ပုခုံးမှာ ဒဏ်ရာရထားတာပဲ………….

ထိုလူမှာ တစ်စုံတစ်ယောက်က နောက်မှလိုက်ဖမ်းနေသည့်အလား အလွန်လျှင်မြန်စွာပြေးလာ၏။
အမှန်တကယ်တွင်လည်း လိုက်ဖမ်းနေကြလေသည်။

အမ်ဗျူ ၃ ယောက်ပင်။

ယခင်ကကြည့်ခဲ့ရသည့်အမ်ဗျူများ၏ခန္ဓာကိုယ်တည်ဆောက်ပုံအရ ဤသတ္တဝါများသည် ရှည်လျားရုံသာမကပဲ အလွန်လည်း စွမ်းအားကြီးလှသည်။ သူတို့၏လက်တံများမှာ ထင်ထားသည်ထက်ပင် ပို၍ဆန့်ထုတ်နိုင်ကြသည်။

တစ်ဦးချင်းသာရင်ဆိုင်ရပါက အမ်ဗျူတစ်ကောင်သည် ဖူအန် ၃ ယောက်လောက်ကို သတ်နိုင်လောက်ပေသည်။

အောက်မှမောင်ငယ်လေးမှာ တစ်ကြိမ်တည်းတွင် ၃ ယောက်ကြုံတွေ့နေရလေပြီ။

ဖူအန်မှာ အပေါ်ဖက်တွင်ပုန်းရင် စောင့်ကြည့်နေ၏။ သူမမကူညီချင်သည်မဟုတ်ပေ။ သို့သော်လည်း အခြေအနေအကြောင်းကြောင်း ကံကောင်းစေရန်သာ ဆုတောင်းပေးနိုင်တော့သည်။

ဟွား……

လက်တံ ၃ ချောင်းမှာ သူ့ဆီသို့ ဆန့်ထွက်လာကြသည်။

ခရစ်………..ခရစ်………ခရစ်…..

အောက်တွင်ရှိသည့်လူမှာ လျှင်မြန်ဖြတ်လတ်စွာဖြင့် အားလုံးကိုရှောင်ရှားလိုက်၏။
မောင်ငယ်လေးမှာ အလွန်စကေးရှိပုံပေါ်သည်။

သေမင်းဂိမ်းထဲတွင် ချစ်မိခြင်း (Book 3)Where stories live. Discover now