အရာအားလုံးမှာ အဆင့်သင့်ဖြစ်လုနီးပါးဖြစ်နေလေပြီ။
ဂိမ်း၏ ၄ ရက်မြောက်နေ့…….
အစ်ကိုတာ့ချမ်းက သူမကို အပြင်သို့ကစားရန်ခေါ်သွားမည်ဟုပြောခဲ့သဖြင့် သူမအား အပြင်သို့ခေါ်လာခဲ့သည်။
နေမင်းကြီးက ကမ္ဘာကြီးတစ်ခုလုံးကို အလင်းရောင်ပေးနေသည်။ ရဲရဲတောက်နေသည့်နေမင်းကြီးအောက်တွင် ပင်လယ်ကြီးမှာ အပြာရောင်ဖန်ခွက်သဖွယ်ဖြစ်နေပြီး အလွန်လှပနေလေသည်။
၂ ယောက်သား ကမ်းခြေဆီသို့ တူတူလျှောက်လာခဲ့ကြသည်။
စုဆန်က လက်ထဲရှိ နေကာမျက်မှန်ကို လှည့်လိုက်ရင်း……..
“ရေကူးတာ……….ရေငုပ်တာ……..ရေပေါ်လျှောစီးတာ………..မင်းဘာကစားချင်လဲ?”
သူမက ဤကဲ့သို့အရာများကို စိတ်မဝင်စားပေ။
“ကျွန်မ ငါးမြှားလို့ရမလား?”
ငယ်ရွယ်စဉ်ကပင် ပင်လယ်စာများမြောက်မြားစွာရသည့်ငါးဖမ်းသမားဘဝကို ဖူအန်မျှော်လင့်တောင့်တခဲ့မိသည်။
စုဆန်မှာ တစ်ခဏခန့်တိတ်ဆိတ်သွားပြီး…………..
“ဒီကိုလာတာ ကစားဖို့ပဲ……….ငါးမြှားဖို့မဟုတ်ဘူး”
သူကပြောရင်း ရွက်လှေတစ်စီးဌားလိုက်ကာ သူမအားရေငုပ်ဝတ်စုံလဲရန်အတွက်ခေါ်သွားသည်။
“သွားရအောင်…………အစ်ကိုတာ့ချမ်းက မင်းကို ပထမဆုံးရေငုပ်တာခေါ်သွားမယ်………….ပြီးတော့ ပုဇွန်လုံးတွေကိုလည်း ဖမ်းလို့ရနိုင်တယ်”
“ကောင်းလိုက်တာ”
ထိုစကားကိုကြားသောအခါ ဖူအန်စိတ်လှုပ်ရှားသွားသည်။
ဗီလာထဲတွင်ရှိစဉ်က မာစတာကျန်းသည် သူမအားရေကူးခြင်းနှင့်ရေငုပ်ခြင်းကို သင်ပေးခဲ့သော်လည်း ယခုအချိန်သည် ပင်လယ်ထဲတွင်ပြုလုပ်ရမည့်ပထမဆုံးအကြိမ်ပင်။
အစ်ကိုတာ့ချမ်းရွေးလိုက်တဲ့အရာတွေက အရမ်းစိတ်ဝင်စားဖို့ကောင်းတာပဲ………….
ပင်လယ်ပြင်ထဲမှာ အရာအားလုံးရှိနေတယ်………