အခန်း (၂၇၈) မွေးမြုခြင်းနှင့်အစားအစာ (၃)

77 20 1
                                    


သို့သော်လည်း ဤကဲ့သို့​ပြ​စ်ဒဏ်က အသက်အန္တရာယ်ထိတော့မဖြစ်ချေ။

မည်သို့ပင်ဆိုစေ ဤနေ့သည့်ဂိမ်း၏ပထမနေ့ပင် ရှိသေးသည်။
ဖူအန်က သူမတို့အဖွဲ့နောက်မှလိုက်လာရင်း အဝေးသို့ကြည့်လိုက်၏။

တင်းတိပ်များနှင့်မိန်းကလေးသည် အန်ပီစီစစ်စစ်တစ်ယောက်ဖြစ်နိုင်ပေသည်။ ဖူအန်က သူမ၏လှုပ်ဆောင်မှုများအတိုင်း တစ်သွေမတိမ်းလိုက်လုပ်၏။

သူတို့မှာ လမ်းဘေးတစ်ဖက်တွင် တန်းစီစောင့်ဆိုင်းနေကြသည်။ တစ်ခဏခန့်စောင့်ဆိုင်းပြီးနောက် ပန်းခြံများထဲတွင်မြင်ကွင်းကြည့်သည့်ကားကဲ့သို့ အဖြုရောင်ကားတစ်စီးရောက်လာသည်။

တစ်ယောက်ပြီးတစ်ယောက်တက်လိုက်ကြသည်။ ကားမှာ သူတို့အားလုံးအတွက် လုံလောက်ရုံသာဖြစ်သည်။

ယာဉ်မှာ ဤလမ်းပေါ်တွင် မိနစ် ၂၀ ခန့်မောင်းလာပြီးနောက် အရှေ့ဖက်တွင် ဂိတ်တစ်ခုပေါ်လာ၏။ သူတို့အားလုံး ကားပေါ်မှ ဆင်းလိုက်ကြသည်။

ဖူအန်က သူမရှေ့မှလူများကိုကြည့်လိုက်သည်။

တစ်ယောက်ပြီးတစ်ယောက်မှာ လက်နောက်ဖက်ရှိဘားကုဒ်ကို စကန်ဖတ်ပြီး အထဲကိုဝင်သွားကြသည်။

ဖူအန်မှာလည်း ကျဉ်းမြောင်းသည့်တံခါးမှ ဝင်လိုက်သည်။ အတွင်းတွင် သူမမျှော်လင့်ထားသည့် ‘ကန်တင်း’နှင့် လုံးဝကိုကွဲပြားနေလေသည်။

အထဲတွင် ရှည်လျားပြီးကျယ်ဝန်းသည့်လမ်းသာ ဖြစ်နေသေးသည်။

သို့သော်လည်း ဘေးဖက်နံရံများနှင့် အခန်းများမှာ အနီရောင်နှင့်အညိုရောင်သုတ်ထားလေသည်။
တစ်ခါက သူမစိတ်ပညာ‌လေ့လာရေးစစ်တမ်းတစ်ခုကို ဖတ်ဖူးသည်။

အနီရောင်နှင့် ညိုပုတ်ပုတ်အရောင်များသည် လူတို့၏စားချင်စိတ်ကို တိုးလာစေသည်ဟု ဆိုလေသည်။

အခန်းတစ်ခန်းချင်းစီတိုင်းသည် အစားအသောက်များရရှိနိုင်သောအခန်းများဖြစ်သည်။ သို့သော်လည်း အခန်းများတွင် စာမရေးထားပဲ သိသာသည့်ပုံများသာရှိနေပြီး အလွန်အရသာရှိနေသည့်ပုံ ပေါက်နေသည်။

သေမင်းဂိမ်းထဲတွင် ချစ်မိခြင်း (Book 3)Where stories live. Discover now