“ရှောင်အန်”
ဆန့်ကျင်ဖက်တွင်ထိုင်နေသည့်စုဆန်သည်လည်း အံ့ဩသွားသည်။
ယခင်ကတည်းက ဗီလာထဲရှိလူ ၄ ယောက်ကို ဂိမ်းထဲတွင်တစ်ခါမျှ သူမတွေ့ခဲ့ဖူးပေ။
ဒါကနည်းနည်းလေးတော့ အသစ်အဆန်းပဲ……..နည်းနည်းလေးစိတ်လှုပ်ရှားဖို့လည်း ကောင်းတယ်………
စုဆန်မှာ တံခါးနားတွင်ထိုင်လိုက်ရင်း ပတ်ဝန်းကျင်သို့ကြည့်လိုက်၏။
“မာစတာဖုက အိမ်သာသွားတာလား?”
“နိုး…….”
ဖူအန်က ခေါင်းခါလိုက်ပြီး စားပွဲပေါ်မှ မုန့်ကိုယူလိုက်ကာ တစ်ကိုက်ကိုက်လိုက်၏။
“အစ်ကိုဖုနဲ့မတွေ့သေးဘူး………..ကျွန်မတစ်ယောက်တည်းပဲ”
ထိုသည်ကိုကြားသောအခါ စုဆန်၏မျက်လုံးများမှာ သူမစားပွဲပေါ်ရှိပန်းကန်လွတ်များအားကြည့်လိုက်ပြီး အံ့ဩသွားသည့်အမူအရာများပေါ်လာသည်။
“ဒီလောက်အများကြီး နင်တစ်ယောက်တည်းစားတာလား?..............ရှောင်အန်အန်……….
ဗီလာမှာတုန်းက ညစာစားတိုင်း နင်ဗိုက်ရောပြည့်ရဲ့လား?”
ရုတ်တရက် သူမစွတ်စွဲခံလိုက်ရသည်ဟုခံစားလိုက်ရ၏။
ထိုမေးခွန်းကြောင့်ဖူအန်မှာ ရုတ်တရက်တန့်သွားပြီး သူမရှေ့မှပန်းကန်ပြားအလွတ်များကို ကြည့်လိုက်၏။
“အစ်ကိုတာ့ချမ်း……………..ရှင်နားလည်မှုလွဲနေပြီ…………ဒါက ပုံမှန်ကျွန်မစားနေကျအတိုင်းအတာမဟုတ်ဘူး……….
ကျွန်မဒီနေ့တစ်နေ့လုံး အလုပ်ရှုပ်နေခဲ့တာ…………အခုမှ ညစာစားရတာ………….
ဗိုက်ဆာနေတာလေ”စုဆန်သည်လည်း ထိုသည်ကိုစဉ်းစားမိလေသည်။ ဖူအန်သည် အစားကြီးသူမဟုတ်ပေ။ ထို့ကြောင့် အလိုအလျှောက် စိတ်ထဲတွင် အကြောင်းအရာတစ်ခုကိုတွေးမိလိုက်၏။
ရှောင်အန်လေးက ပုံမှန်ဆိုရင် ကံကောင်းတာကြောင့် မာစတာဖုနဲ့ပဲ တူတူဆော့နေရတာ…………..ဒါပေမယ့်ဒီတစ်လှည့်တော့ တစ်ယောက်တည်း ကစားရမယ့် ၁ ရာခိုင်နှုန်းကို ဝင်မိသွားပြီထင်တယ်…………