(ဂိမ်းထဲမှာ ကစားသူသာ မသေသွားရင် အခြားဖြစ်တဲ့ထိခိုက်မှုတွေက လက်တွေ့လောကကို သက်ရောက်မှုဖြစ်စေမှာ မဟုတ်ပါဘူး……….)
ဒါဆိုရင် တော်သေးတာပေါ့……..
ဖူအန်မှာ ထိုစကားကိုကြာသောအခါ ချက်ချင်းစိတ်သက်သာရာရသွား၏။
ပထမဆုံးအကြိမ်အဖြစ် ဂိမ်းမှထွက်ပြီးနောက် သူမအလွန်ပင်ပန်းနေသလိုခံစားနေရသကာ တစ်နေ့လုံး အိပ်ပျော်သွားခဲ့သည်။
သူမနိုးလာသောအခါ ထမင်းစားရန်အချိန်ပင်ဖြစ်နေလေပြီ။“အစ်ကိုရန်၊ မာစတာ၊ အစ်ကိုရှု၊ အစ်ကိုတာ့ချမ်း………….ကောင်းသောညနေခင်းပါ”
ဖူအန်သည်ပျော်ရွင်စွာဖြင့် သူတို့ကိုနှုတ်ဆက်လိုက်ပြီး ခုံတွင်ထိုင်လိုက်ကာ ညစာစားရန်စောင့်ဆိုင်းလိုက်၏။
စောင့်ဆိုင်းပြီးမကြာမှီတွင်ပင် ဖုရီရှီလည်းအောက်သို့ဆင်းလာသည်။
ယနေ့ဟင်းပွဲများမှာ အလွန်ပင်များပြားလွန်းလှသည်။ သို့သော်လည်း ကစားခဲ့သည့်ဂိမ်း၏သက်ရောက်မှုများကြောင့် ဖူအန်က စားပွဲပေါ်မှ ကြက်သား၊ ဘဲသားနှင့်ငါးများကို လက်ရှောင်လိုက်ကာ သူမရှေ့မှ ဂဏာန်းနှင့် ပုဇွန်များဖက်သို့လှည့်လိုက်၏။
ဂဏာန်းများမှာ အလွန်အရသာရှိလှသော်လည်း အခွံခွာရန်မလွယ်လှပေ။
ဂဏာန်းအခွံများကြောင့်လက်စူးမိကာ အကြိမ်အနည်းငယ်ခန့် ဖူအန်အော်ဟစ်မိသော်လည်း ဆက်စားမြဲပင်။စုဆန်မှာ သဘောကျ၍ပြုံးရယ်လိုက်ပြီး….
“အန်အန်လေး…………..မင်းလို ဂဏာန်းစားတဲ့လူကတော့ ဂဏာန်းအခွံခွာပြီး အသားထွင်တဲ့စက်ကို ဝယ်သင့်တယ်”
“ရှိတာလား?”
ထိုစကားကိုကြားသောအခါ ဖူအန်ကြောင်သွား၏။ သူမမျက်နှာပေါ်မှ အမူအရာအရ သူမဝယ်ချင်၍ တစ်ပိုင်းသေနေပြီကို ပြောနိုင်လေသည်။
“နိုး”
အစ်ကိုတာ့ချမ်းမှာ သူမ၏အိမ်မက်လေးကို ပိတ်ရိုက်လိုက်၏။
“ဒါပေမယ့် မင်းရဲ့ဦးနှောက်သေးသေးလေးနဲ့ တစ်ခုလောက်လုပ်ကြည့်လို့ရတယ်လေ…………ပိုက်ဆံတွေ ရရင်ရလာနိုင်တာပေါ့……………..