အခန်း (၂၉၀) မွေးမြုခြင်းနှင့်အစားအစာ (၁၅)

164 35 0
                                    


ဟော့ပေါ့ဆိုင်ထဲမှာ ဘာရှိတာလဲ?......

ဆီပူတွေ………

ပုံမှန်မဟုတ်တဲ့အချိန်မှာ ပုံမှန်မဟုတ်တဲ့လုပ်ဆောင်ချက်တွေနဲ့ပဲ ပြန်တုန့်ပြန်ပေးရမယ်…………..

ဟော့ပေါ့ဆိုင်ထဲသို့ ရန်ပြုလိုသည့်စိတ်ဖြင့်ဝင်လာသည့်လူများမှာ နာကျင်စွာအော်ဟစ်ပြီး ပြေးထွက်သွားကြသည်။

ဖူအန်မှာ နောက်မှလိုက်လာသည့်လူများကို နှင်လွှတ်ပြီးနောက် ဆိုင်လေးထဲတွင် လက်ထဲ၌ ဘာမျှမရှိတော့သည့်သံအိုးကိုကိုင်၍ ရပ်လျှက်ပင် ရှိသေးသည်။

ငါ့ကို အလွယ်တကူလာကြောလို့ရတဲ့လူများထင်နေတာလားမသိဘူး………….

အပြင်ဖက်တွင် နာကျင်စွာအော်ဟစ်သံများ ဆူညံနေသည်။ များပြားလှသည့်ဆူညံသံများကြောင့် စက်ရုပ်အများအပြားအာရုံစိုက်မိသွားသည်။

သူတို့ရောက်လာကြသည်။
ဖူအန်က သူမဆီမှလုယက်မည့်သူထဲတွင်အဆိုးဆုံးဖြစ်သည့်လူအားဆွဲလိုက်ပြီး ကြီးမားလှသည့်သံအိုးကြီးကို သူ့နောက်တွင်ဝှက်လိုက်၏။

ထို့နောက်ချက်ချင်းပင် လှလှပပခုန်လိုက်ပြီး ဟော့ပေါ့ဆိုင်၏ တံခါးထောင့်နေရာတစ်ခုဆီသို့ ရောက်ရှိသွားသည်။

“အား………..အား………….ကူညီကြပါအုန်း”

စက်ရုပ်များရောက်လာသည့်အခါ နာကျင်စွာအော်ဟစ်နေသည့်လူများက တုန်လှုပ်စွာဖြင့် အကူအညီတောင်းလိုက်ကြသည်။

ဖူအန်မှာ အမူအရာမပျက်စေပဲ ဆီများရွဲနေသည့်ကြမ်းပြင်ပေါ်တွင်လှဲနေသည့်လူအားလက်ညှိုးထိုးလိုက်ကာ ………

“သူတို့ရန်ဖြစ်နေကြတာ………..ကြောက်စရာကြီး”

စက်ရုပ်များမှာ ရပ်တန့်သွားပြီး နောက်သို့ပြန်လှည့်လိုက်ကာ ကြမ်းပြင်ပေါ်တွင်လဲနေကြသည့် လူ ၃၊ ၄ ယောက်ကို ဆွဲယူလိုက်၏။

သူတို့ရှေ့မှ ဖူအန်ထွက်လာသောအခါ ယခုလေးတင်နာကျင်စွာဖြင့် ပြေးထွက်လာခဲ့ကြသည့် ကစားသမားများမှာ ကြောက်လန့်တကြား နောက်ဆုတ်မိလိုက်ကြသည်။

သေမင်းဂိမ်းထဲတွင် ချစ်မိခြင်း (Book 3)Where stories live. Discover now