ထိုစကားကိုကြားသောအခါ ဖူအန်မလှုပ်ရှားပေ။
"နင်ကကစားသမားဖြစ်မယ်ဆိုတာ ငါသိတယ်"
ရှောင်အိုက်က ဖူအန်ကိုကြည့်၍ပြောလိုက်၏။
"ငါတို့ရဲ့ပန်းတိုင်က ရှင်းပါတယ်...........လူတိုင်း အသက်ရှင်လျှက်ပြန်သွားနိုင်ရမယ်.............လက်ကောက်တစ်ခုတည်းက ငါတို့အတွက် မလုံလောက်ဘူး"
လူတိုင်းက စိတ်ရှင်းကြတယ်ပေါ့?........
ဖူအန်က ဖြောင့်မတ်စွာထိုင်လိုက်ပြီး ရှေ့မှလူအားကြည့်လိုက်ကာ ဆက်ပြောရန် အမူအယာပြလိုက်၏။
"ငါတို့ရဲ့အကြီးဆုံးကြင်နာမှုအနေနဲ့ ငါတို့ရဲ့နောက်ဆုံးယူဆချက်ကို ပြောပြမယ်"
ရှောင်အိုက်က ရှေ့သို့အနည်းငယ်တိုးလာသည်။ ရုတ်တရက်သူမ၏အသံပို၍တိုးသွားသည်။
"ငါတို့ရဲ့လက်ရှိအခြေအနေကိုကြည့်ကြည့်............ဓာတ်ခွဲခန်းထဲက ကြွက်ဖြူလေးတွေနဲ့မတူဘူးလား?"
ထိုသည်ကိုပြောရင်း ရှောင်အိုက်မှာ အနည်းငယ်ရပ်တန့်သွားကာ............
"နင် စိတ်ပညာရှင် ပက်ဗ်လိုဗ် ကိုသိလား?"
ရှောင်အိုက် လေးနက်စွာပြောနေသည့်ပုံစံကိုကြည့်ရင်း ဖူအန်တွန့်ဆုတ်သွားပြီး ဂရုတစိုက်မေးလိုက်၏။
"နာမည်အပြည့်စုံက အိုင်ဗန်ပက်ထရိုဗစ် ပက်ဗ်လိုဗ် ဆိုတဲ့လူလား?"
ရုတ်တရက်ရှောင်အိုက် ချောင်းဆိုးလိုက်သည်။
အင်္ဂလိပ်နာမည်တွေက ဒီလောက်ရှည်တာ...........နောက်ဆုံးနာမည်လေးပဲ မှတ်မိရင်တောင် တော်လှပြီ...........ဘယ်သူက ရှေ့နာမည်တွေကို ဂရုစိုက်နေမှာလဲ........
"ဘာပဲဖြစ်ဖြစ်.........ပက်ဗ်လိုဗ်မှာ အခြေအနေကိုတုန့်ပြန့်ခြင်းဆိုတဲ့ သီအိုရီတစ်ခုရှိတယ်"
ထိုစကားကိုကြားသောအခါ ဖူအန်ခေါင်းညိတ်လိုက်၏။
"ဒါကိုငါသိတယ်.......ပြီးတော့ရော?"
"ပက်ဗ်လိုဗ်က အတော်လေးနာမည်ကြီးတဲ့ စမ်းသပ်မှုတစ်ခုပြုလုပ်ခဲ့တယ်...............