အခန်း (၃၁၉) လုံးဝသုည (၂)

133 26 1
                                    


အိုကေလေ……….

ကိုယ်ရေးအချက်အလက်များကို ကာကွယ်သည်မှာ လုပ်သင့်သည့်အရာပင်။

ဖူအန်သည် သေသေချာချာတွေးလိုက်၏။ အစ်ကိုဖုနှင့်သူမ၏ စဉ်းစားပုံစဉ်းစားနည်းအရ ဂိမ်း၏အစောပိုင်းကာလတွင် သူတို့အချင်းချင်းတွေ့နိုင်ခြေသည် ၅၀ - ၅၀ သာ ရှိသည်။

သူသာအပေါ်ထပ်တွင်နေပါက အနာဂတ်တွင် မတော်တဆ တွေ့ကြမည်သာ….

ထို့နောက်ဖူအန်နှင့် အခြားဝန်ထမ်းသည် အခန်းဆီသို့ ထွက်ခွာသွားကြသည်။

အခန်းဆီသို့ရောက်ပြီးနောက် ဖူအန်မှာ ပျော့ပျောင်းနုညံ့သည့်ကုတင်ကြီးပေါ်သို့ ခုန်ချလိုက်ကာ တီဗီကိုဖွင့်၍ ဒေသဆိုင်ရာသတင်းများကိုကြည့်လိုက်၏။

ကျွန်းငယ်လေးမှာ သီးသန့်တီဗီအသံလွှင့်ရုံမရှိပေ။
တီဗီမှာ ဇာတ်ကားအချို့၊ အစားအစာများနှင့် ဖျော်ဖြေမှုများကို သာထုတ်လွှင့်နေသည်။

လက် ၈ ဖက်ရှိတဲ့ပင်လယ်ပုဇွန်လုံးကြီး……..တစ်ကောင်ထက်တစ်ကောင် ပိုအကောင်ကြီးလာလိုက်တာ….

ရေဘဝဲကင်………
ကြီးလိုက်တဲ့ဂဏာန်း………
ပင်လယ်ခရုတွေ………..

ကြည့်ရင်းတောင် ဗိုက်ဆာလာပြီ……….

ဒါပေမယ့် ဒါတွေက နောက်မှစားလို့ရတယ်………….ပိုအရေးကြီးတာတွေရှိတယ်…………

အထောက်အပံ့ပစ္စည်းတွေ စုရမယ်………

ဂိမ်းမှရရှိသည့်တစ်ခုတည်းသောသဲလွန်စမှာ ဂိမ်းအမည်ဖြစ်သော ‘လုံးဝသုည’ ပင်ဖြစ်သည်။

သုညဒီဂရီ?........

အပူချိန်နဲ့တော့ သက်ဆိုင်နေသလိုပဲ….

နွေရာသီပဲရှိတဲ့ဒီလိုနေရာမျိုးမှာ ထူထဲတဲ့အဝတ်အစားတွေနဲ့ ဂျာကင်တွေက ရှားပါးမှာပဲ…….

နေမည့်နေရာအား ဌားရမ်းပြီးနောက် ဖူအန်ပထမဆုံးလုပ်သည့်အရာမှာ မောလ်ကိုသွား၍ အဝတ်အစားထူထူများကို ဝယ်ယူခြင်းပင်။

နောက်ဆက်ဖြစ်ပျက်လာမည့်အရာများက ဤအရာများ လိုသည်ဖြစ်စေ၊ မလိုသည်ဖြစ်စေ ကောင်းကောင်း ပြင်ဆင်ထားရပေမည်။

သေမင်းဂိမ်းထဲတွင် ချစ်မိခြင်း (Book 3)Where stories live. Discover now