စုဆန်သည် သူ၏ပရော်ဖက်ရှင်နယ်ဆန်သောအကြည့်ဖြင့်ကြည့်ပြီးနောက် ဝန်ထမ်းမလေးပြောသည့်ဘီကနီဝတ်စုံအား ငြင်းလိုက်၏။
“အဲ့တာက သူ့အတွက်မဟုတ်ဘူး”
ပြောပြီးနောက် ကိုယ်တိုင်စင်ပေါ်သို့သွားလိုက်ကာ ဖူအန်အတွက် ရွေးချယ်လိုက်၏။
ဖူအန်က အမြဲတမ်းလိမ်လိမ်မာမာပဲနေပေမယ့် အနီရောင်နဲ့လိုက်တယ်လို့ခံစားရတယ်……
စူးတွေကြားမှာ သေသေချာချာလေးဂရုစိုက်ခံထားရတဲ့နှင်းဆီပန်းတစ်ပွင့်လိုပဲ…….လှပပြီး ဆွဲဆောင်မှုရှိတယ်…………
သိသာစွာပင် ဖူအန်ဝတ်ဆင်ပြီးထွက်လာသောအခါ စုဆန်မှာ ရုတ်တရက် အသက်ရှုရပ်တန့်သွားသည်။
အနီရောင်ရေကူးစကပ်လေးနှင့်သူမမှာ ဘိုမရုပ်လေးကဲ့သို့ပင်။ ကျောဖက်တွင်အပြောင်ဒီဇိုင်းက သူမကို ဖြူဖွေးသန့်စင်နေစေပြီး ဆွဲဆောင်မှုရှိစေသည်။
ပို၍ဆွဲဆောင်မှုရှိနေသည်မှာ သူမ၏ဘယ်ဖက်ညှပ်ရိုးအောက်တွင်ရှိနေသည့်အနီရောင်မှဲ့လေးပင်။ ထိုမှဲ့လေးကြောင့် ပို၍ပင်သူမအား ပို၍ဆွဲဆောင်မှုရှိလာစေသည်။
ဒီလူကတော့ မခံစားနိုင်တော့ဘူး……….
ကံကောင်းစွာဖြင့်ပင် ဤပန်းကလေးမှာ ဆူးများနှင့်ပင်။ သူ့ရင်ထဲတွင် စွဲလမ်းစိတ်ဖြစ်မလာခင်တွင်ပင် လက်တွေ့အစစ်အမှန်အခြေအနေကို သတိရမိလိုက်သည်။
စုဆန်မှာ အသက်ပြင်းပြင်းတစ်ချက်ရှုလိုက်ပြီး သူမထံသို့နို့စိမ်းရောင်ကမ်းခြေဝတ်စုံကို ပစ်ပေးလိုက်၏။
“မြန်မြန်လဲ………မြန်မြန်လဲ”
လှတာကလှတာပဲ……………..ဒါပေမယ့် ရှောင်အန်အန်လေးအတွက် အစ်ကိုစုရဲ့ အမြတ်နိုးဆုံး မောင်နှမခံစားချက်ကို လဲလှယ်လို့မရဘူး………..
………………………………………………..အဝတ်အစားများလဲလှယ်ပြီးနောက် ပြန်ထွက်လာကြသောအခါ အလွန်နောက်ကျနေပြီဖြစ်သည်။
“အစ်ကိုစု…………….ကျွန်မတို့ ဒင်နာဘယ်မှာ သွားစားကြမလဲ?”
“အစ်ကိုစု မင်းကို ဒီညကျရင် ကမ်းခြေဝတ်စုံပါတီကို ခေါ်သွားပေးမယ်…..”