ထိုစကားကိုကြားသောအခါ ရှောင်အိုက်မှာ လက်ဆန့်ထုတ်လိုက်သော်လည်း ဘော့စ် ၁၁၂၈ ဘာလုပ်ချင်နေသည်ကို နားမလည်ပေ။
မည်သို့ပင်ဖြစ်စေ ဘော့စ်ထိလိုက်သည်နှင့် သူမကို အချိန်အတော်ကြာအောင် ပတ်ထားခဲ့သည့်လက်ကောက်မှာ ဖယ်ရှားခံလိုက်ရလေသည်။
သေချာတယ်……….သူက ဘော့စ်ပဲ…………
ရှောင်အိုက်မှာ အံ့ဩတကြီးကြည့်လိုက်မိသည်။
“ဒီလို့သော့ဖွင့်တဲ့စကေးလေးကို အရမ်းတွေးမနေပါနဲ့”
ဖူအန်က မျက်တောင်မခတ်ပဲ ကြွားပြောလိုက်ပြီး လက်ကောက်အား ပြတင်ပေါက်မှတစ်ဆင့်အောက်ထပ်သို့ ပစ်လိုက်၏။
အပြင်ဖက်ရှိစက်ရုပ်များ၏အရေအတွက်မှာ ရုတ်တရက်ဆိုသလို တစ်ဝက်ခန့်လျော့ကျသွားသည်။
“နင့်နောက်မှာ အမ်ဗျူဘယ်လောက်လိုက်လာလဲ?”
ဖူအန်ကလှည့်လိုက်ရင်း မေးလိုက်၏။
ရှောင်အိုက်ပြန်တွေးလိုက်ကာ……….
“၂ ယောက်လောက်ပဲထင်တယ်”
၂ ယောက်……..
ဖူအန်က သူ့ဘေးတွင်ရပ်နေသည့်ဖုရီရှီအား ကြည့်လိုက်သည်။
ဖုရီရှီက အနည်းငယ်ခေါင်းညိတ်ပြလိုက်သည်။“အင်း”
“လက်နက်လိုသေးလား?”
ဖူအန်က သူမ၏အဖိုးတန်မီးဖိုချောင်ဓားကိုပေးရန်ပြင်လိုက်ပြီး သံခုတင်မှဖြုတ်ထားသည့်သံချောင်းကို သူမအတွက် သိမ်းရန်ပြုလိုက်၏။
ဖုရီရှီမှာ သံချောင်းကိုယူလိုက်ပြီး မီးဖိုချောင်ဓားကို သူမအတွက်ထားခဲ့လေသည်။
“တံခါးဖွင့်…………နောက်ဆုတ်”
စကားကိုကြားသည်နှင့်ဖူအန်မှာချက်ချင်းထရပ်လိုက်ပြီး သူ့ကိုလမ်းဖွင့်ပေးလိုက်သည်။
ဖုရီရှီ၏ အမ်ဗျူများနှင့် ၂ ယောက်တစ်ယောက်တိုက်ခိုက်နေသည့်ပုံကို နောက်တစ်ကြိမ်ပြန်ကြည့်လိုက်ရသည်။ သူ၏တိုက်ခိုက်မှုများမှာ အလွန်ပင်မိုက်လှသည်။ ကျန်နေသေးသည့်အမ်ဗျူ၏ကိုယ်ပေါ်တွင် အပြာရောင်သွေးများဖြင့် ပေကျံနေကာ ဖုရီရှီ၏လက်ထဲတွင် နာကျင်မှုကြောင့်အော်ဟစ်နေရသည်။