‘လိုက်ဖ်စတား ၄၀၆၇' ၏ ပထမနှစ်………..
ဂြိုလ်၏စွမ်းအင်မှာ ထိန်းချုပ်ရနိုင်အောင်တိုးတက်လာခြင်း၏အောက်တွင် လျှင်မြန်စွာပင် ခြောက်ခန်းသွားသည်။
အစားအစာများမှာ ရှားပါးလာပြီး ကူးစက်ရောဂါများပြန့်ပွားလာသည်။ သဘာဝကပ်ဘေးများမှာလည်း ဆက်တိုက်ဖြစ်ပွားလာသည်။
လိုက်ဖ်စတားဂြိုလ်၏ ပတ်ဝန်းကျင်အခြေအနေမှာ လူသားများနေထိုင်ရန်အတွက် သင့်တော်ခြင်း မရှိတော့ပေ။
လူသားမျိုးနွယ်များဆက်လက်နေထိုင်နိုင်ရန်အတွက် ဂြိုလ်ပေါ်ရှိနိုင်ငံရာပေါင်းများစွာမှာ ဖယ်ဒရယ်အစိုးရတစ်ခုသတ်မှတ်လိုက်ကြပြီး ‘လွတ်မြောက်ရေးအစီအစဉ်’ ကိုစတင်လိုက်ကြသည်။
‘လွတ်မြောက်ရေးအစီအစဉ်’ဆိုသည်မှာ လိုက်ဖ်စတားပေါ်ရှိ စွမ်းအင်အားလုံးကိုစုစည်းမည်။ ထို့နောက် နိုင်ငံရာပေါင်းများစွာရှိ စွမ်းအားများအားလုံးကိုသုံး၍ အာကာသယာဉ် ၆ ခုကို တည်ဆောက်ကာ နှစ်ရာပေါင်းများစွာ သိပ္ပံပညာရှင်ရာပေါင်းများစွာက ခန့်မှန်းထားကြသည့်ဖြစ်နိုင်ခြေရှိသော အာကာလစကြာဝဠာကြီးတစ်ခုဆီသို့ ရွက်လွင့်ကြမည်ဖြစ်သည်။
အာကာသယာဉ်တစ်စီးစီတိုင်းတွင် အာကာသယာဉ်မှူး ၄ ဦးနှင့် သိပ္ပံပညာရှင် ၃ ဦးလိုက်ပါမည့်အပြင် လိုက်ဖ်စတားဂြိုလ်၏ အမြင့်ဆုံးလူသားမျိုးနွယ်ဗီဇမျိုးစေ့၊ တိရစ္ဆာန်သန်းပေါင်းများစွာ၏ဗီဇမျိုးစေ့များနှင့် အပင်များ၏ဗီဇမျိုးစေ့များကိုယူဆောင်သွားကြမည်ဖြစ်သည်။ ထို့အပြင် လူသားမျိုးနွယ်၏ အခမ်းနားဆုံး ရာဇဝင်များကိုပါ တစ်ပါတည်းယူဆောင်သွားကြမည်။
ထိုသို့ဖြင့် လူသားမျိုးနွယ်၏မျှော်လင့်ချက်များကို သယ်ဆောင်ထားကြသည့် အာကာသယာဉ် ၆ စီးမှာ သူတို့၏ ခရီးရှည်ကြီးကို စတင်လိုက်ကြလေသည်။
…………………………………………….အခြားအာကာသတစ်နေရာတွင်……..
အာကာသထဲ၌ ၁၂ နှစ်ခန့် သွားလာနေခဲ့သည့် စမစ်မှာ သူ၏ ဒိုင်ယာရီစာအုပ်ကိုပိတ်လိုက်ပြီး ယာဉ်မောင်းအခန်းမှတစ်ဆင့်အပြင်ဖက်သို့ကြည့်လိုက်၏။