စားချင်သလောက်ယူစားနိုင်သော်လည်း အကျန်ထားခဲ့၍မရပေ။
ဖူအန်တွေးမိလိုက်၏။သူမက အိတ်ထဲမှပလက်စတစ်ဒင်္ဂါးပြားများအားစမ်းလိုက်ပြီး လမ်းလျှောက်လာလိုက်ကာ နောက်ထပ်ထမင်းဆိုင်တစ်ဆိုင်အားရွေးလိုက်ပြီး ထမင်းတစ်ပွဲမှာစားလိုက်၏။
…………………………………………………ဤနေရာသည် မြို့ငယ်လေးတစ်မြို့သို့မဟုတ် မွေးမြုရေးခြံတစ်ခုနှင့်လည်းမတူပေ။
ထိုအပြင် သူမတို့ခေါင်းပေါ်ရှိစက်များမှာ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေကြခြင်းဖြစ်သည်။
ဖူအန်က သူမခေါင်းပေါ်ရှိစက်များအား ကြည့်လိုက်ကာ သူမရှေ့မှ ဆူရှီဆိုင်လေးထဲသို့ ဝင်လိုက်၏။
ထို့နောက် ဒင်္ဂါး ၃ ပြားကိုထည့်လိုက်၏။
မကြာမှီ နောက်ဖက်မှ ဆူရှီတစ်ဗူးထွက်လာ၏။ဤအချိန်တွင် မည်သူကမျှဆူရှီဆိုင်ထဲတွင် ရှိမနေပေ။ ထို့ကြောင့် ဖူအန်က ထွက်လာသည့်ဆူရှီကိုလှမ်းယူလိုက်ပြီး နေရာလွတ်ထဲသို့ ထည့်လိုက်၏။
ထည့်ပြီးနောက် သူမမိုးပေါ်သို့ကြည့်လိုက်၏။ အပေါ်ရှိစက်များမှာ မည်သည်ကိုမျှ မတုန့်ပြန်ပေ။ ကြည့်ရသည်မှာ ဤစက်များက နေရာလွတ်ကို ဂရုမစိုက်ပုံပေါ်သည်။
ထိုသည်ကိုမြင်၍ ဖူအန်အနည်းငယ်သက်သာရာ ရသွားသည်။
ငါ့မှာ စုစုပေါင်း ဒင်္ဂါးပြား ၂၀ ရှိတယ်…………….
၈ ပြားကို စားဖို့သုံးလိုက်တယ်…………..
၃ ပြားကတော့ အခုပဲ ဆူရှီဝယ်လိုက်ပြီ……….၉ ပြား ကျန်အုန်းမယ်……..ဒီလမ်းက အရမ်းရှည်တော့ ၃ ပုံတစ်ပုံလောက်တောင် ငါမရောက်လောက်သေးဘူး………..
ဖူအန်က နောက်တစ်ချက်လှည့်ကြည့်လိုက်ကာ ရှိသမျှပိုက်ဆံများကို သုံးလိုက်၏။
အမျိုးမျိုးသောစားစရာများမှာ သူမအကြိုက်ဆုံးပင်။
ဖူအန်က ဒင်္ဂါး ၂ ပြားသုံးလိုက်၏။သူမသည် ဘာဘီကျူဆိုင်၏တံခါးနားတွင်ထိုင်လိုက်ပြီး စက်ရုပ်လက်က အသားကိုကင်နေသည်အား ကြည့်နေလိုက်၏။