လူအားလုံးမှာ မီးဖိုချောင်ရှိရာသို့ ပြန်ရောက်လာကြသည်။ ဖူအန်သည်လည်း သူမ၏ယူဆချက်အား အတည်ပြုနိုင်ရန် နောက်မှလိုက်လာခဲ့ပြီးနောက် သူတို့နှင့် လမ်းခွဲခဲ့လေသည်။
ထိုလူများအထဲတွင် ရှောင်အိုက်သည်သာလျှင် မျက်လုံးထောင့်မှ သတိပြုမိခဲ့သည်။
လူများအထဲတွင် မရင်းနှီးသည့်လူများအလွန်များသဖြင့် အဖွဲ့တစ်ဖွဲ့အဖြစ်နေခြင်းက အန္တရာယ်များလှသည်။
၂ ကြိမ်မျှ မကောင်းကြံခံရခြင်းဖြစ်ပြီးနောက် ဖူအန်သည်တစ်ယောက်တည်းလှုပ်ရှားရန် ဆုံးဖြတ်လိုက်၏။
သူတို့နှင့်အဝေးသို့သွားသည်မှာ ပို၍ကောင်းလေသည်။ဖူအန်သည် လေဝင်လေထွက်ဇကာမှတစ်ဆင့်အောက်သို့ကြည့်လိုက်၏။
ဤနေရာသည် စားပွဲခန်းမဖြစ်သည်။
အောက်ဖက်ရှိမြင်ကွင်းသည်ကျယ်ဝန်းလှသည်။ဖူအန်က ဤနေရာတွင် အရင်နားနေပြီး အားအင်ဖြည့်ရန်ဆုံးဖြတ်လိုက်၏။
သူမလက်ရှိဒဏ်ရာမှာ အနာဖေးစတက်နေပြီဖြစ်သော်လည်း ဝရုန်းသုန်းကားပြေးလွှားပြီးနောက် သွေးများစို့လာကာ သူမအဝတ်အစားသည်ပင် မူလအရောင်ပျောက်လျှက်ရှိနေပြီဖြစ်သည်။
ဖူအန်က အောက်ဖက်ရှိလိုက်ကာအား ကြည့်လိုက်၏။
အမ်ဗျူများမှာ ပုန်းလျှိုနေသည့်ကြွက်ကလေးတစ်ကောင်က ခမ်းနားလှသည့်ဟောခန်းမထဲသို့ ဝင်ရောက်လာမည်ဟု ထင်ထားကြမည် မဟုတ်ပေ။
ဘယ်ဖက်ရှိလိုက်ကာအား ဖူအန်ဆွဲတင်လိုက်၏။ထိုအထဲမှ အနည်းငယ်ကို ပတ်တီးစီးရန်သုံးလိုက်ပြီး ကျန်သည်များကို သူမနားရန်အတွက်ပြင်လိုက်၏။
ဖူအန်သည် ကြမ်းပြင်ပေါ်ရှိရှုပ်ပွနေသည့်အစများကိုကြည့်ရင်း ဤအချိန်တွင် သူမအနေဖြင့် အများကြီး မမျှော်လင့်ထားသင့်ကြောင်းခံစားလိုက်ရသည်။
ဤနေရာ၌ ၄ ရက်ခန့်ရှိနေပြီထင်သည်။
ဖူအန်က သူမအနေဖြင့် အလွန်တန်ဖိုးရှိလှသည့်နေရာအား ရှာတွေ့ခဲ့ပြီဟုခံစားလိုက်ရသည်။ အက်ဆီးဒန့်တစ်စုံတစ်ခုသာ မဖြစ်ပါက သူမအနေဖြင့်ဂိမ်းပြီးဆုံးသည်အထိ ဤနေရာတွင် နေနိုင်ပေမည်။
နေရာလွတ်စွမ်းရည်မှာလည်း အလွန်ပင်ကောင်းလှသည်။
………………………………………………………………………..