ဤကစားသမားများအကြောင်းကိုသိသည့်လူများ၏မျက်နှာများမှာ ချက်ချင်းပြောင်းလဲသွားကြသည်။
ဤကစားသမားများသည် နေ့စဉ်လူများအသတ်ခံနေရသည့်အဓိကအကြောင်းအရင်းလူများဖြစ်ကြသည်။
ဤလူများ၏လက်ထဲတွင် လူ၂ နှစ်ယောက်ခန့်အနည်းဆုံးအသတ်ခံရဖူးလေသည်။
ဒါဆိုရင် သတ်ဖြတ်တာတွေကို သူတို့က ရှာတွေ့ပြီးသားပေါ့?...................ဒီရုပ်ဆိုးတဲ့မွန်းစတားကောင်တွေလာလာချင်းပဲ ဒီလူတွေကို စက်ရုပ်တွေက ဖမ်းခေါ်သွားတယ်ဆိုတော့……..
ဒီတစ်လှည့်ဂိမ်းက တစ်ယောက်နဲ့တစ်ယောက်သတ်ဖြတ်တာကို တားမြစ်ထားတာလား?....အရန်ကစားသမားတွေကို သတ်ရင်အမှတ်ရတယ်လို့ပြောထားတဲ့ဂိမ်းရဲ့သတ်မှတ်ချက်ကရော ဘယ်လိုဖြစ်သွားမှာလဲ?...............
ကျန်ရှိသည့်ကစားသမားများမှာ စိတ်ရှုပ်ထွေးတုန်လှုပ်စွာဖြင့်ကြည့်နေကြပြီး သူတို့ကိုခေါ်ဆောင်သွားရသည့်အကြောင်းအရင်းအား ဆွေးနွေးနေကြသည်။
သို့သော်လည်း ဤကစားသမားများကို ဖမ်းခေါ်သွားသည့်အတွက် နောက်ဆုံးတွင် အချိန်တစ်ခုကြာအေးချမ်းနေတော့မည်ကိုတော့ သတိပြုမိကြသည်။
ထိုဖမ်းဆီးခံရသည့်ကစားသမားများပြန်မလာမချင်း အဖွဲ့အားကိုးသည့်ကစားသမားများမှာ အဖမ်းခံရမည်စိုး၍ မိုက်မိုက်ကန်းကန်းမလုပ်ရဲကြတော့ချေ။
……………………………………………………….နေ့လယ်စာစားပြီးနောက် အခန်းထဲပြန်၍အနားယူရမည့်အချိန်ပင်။
ဖူအန်အခန်းထဲဝင်လာသည်နှင့် သူမအနားရှိလူတိုင်းက သူမကိုကြည့်လိုက်ကြသည်။
အခြားဆိုရလျှင် သူမလက်ရှိလက်ကောက်အား ကြည့်ကြခြင်းပင်။စိတ်လှုပ်ရှားမှုများ၊ စူးစမ်းမှုများပါဝင်နေသည်။
ဖူအန်က ရပ်လိုက်ပြီး ထိုလူများကိုပြန်ကြည့်လိုက်၏။ သူမ၏မျက်နှာပေါ်တွင် မည်သည့်အမူအရာမှ မရှိသော်လည်း အမှန်တကယ်တွင်မူ ကစားသမားများအား စိုးရိမ်နေလေသည်။
သူမကုတင်ပေါ်သို့တက်ရန်ပြင်လိုက်စဉ် အောက်ထပ်ကုတင်မှ တင်းတိပ်များနှင့်မိန်းကလေးက မနာလိုမှုနှင့် စိတ်အားထက်သန်မှုများပြည့်နှက်နေသည့်အသံဖြင့်…………