“ခရီးဆောင်အိတ် ၄ ခုစာတည်းက ယူဖို့တောင် ရှက်ဖို့ကောင်းတယ်မလား?”
စုဆန်မှာ ဂိမ်းနှင့်ပတ်သတ်၍ အချိန်အတော်ကြာကပင် မကျေနပ်ဟန်ရှိလေသည်။
“အရေးကြီးကဆုံးအချက်ကကွာ ငါဂိမ်းကစားတာ အလှည့် ၂၀ လောက်ပဲရှိတော့မယ်…………..နေရာလွတ်ကို တစ်ကြိမ်ပဲရဖူးသေးတယ်…………….
အခုတော့ ကစားသမားတွေက အများကြီးများလာပြီ………………နေရာလွတ်ရဲ့ အရိပ်အယောင်လေးတောင် မမြင်ရနိုင်တော့ဘူး”
ထိုစကားကိုကြားသောအခါ ဖူအန်ခေါင်းညိတ်လိုက်၏။
“အင်း…………..ဂိမ်းက နည်းနည်းလေးလှည့်စားတတ်တယ်”
“ဒါက နည်းနည်းလေးမဟုတ်ဘူး…………….စူပါလှည့်စားတတ်တာ”
စုဆန်မှာနောက်ဆုံးစကားကို အားထည့်ပြောလိုက်ပြီး ဂိမ်းအပေါ်သူ၏မကျေနပ်ချက်များကို ဖွင့်ထုတ်နေလေသည်။
“ပြီးတော့ နေရာလွတ်ပစ္စည်းရဲ့ပုံစံကလည်း ဂိမ်းအလှည့်တိုင်းမှာ ကွဲပြားနေသေးတယ်………….တစ်ခုတည်းသောမတူတဲ့အချက်က ငွေဖြုရောင်ကာလာတဲ့…………
အဲ့လိုတစ်ခါတစ်ရံ လက်နေတာကိုတွေ့ဖို့က သေသေချာချာကြည့်မှ ရမှာ………..
ချီးလိုပဲ…………….
ဒါပေမယ့် မင်းက အရမ်းကံကောင်းတယ်……….ပိုဂရုစိုက်ပြီးကြည့်…………
နေရာလွတ်က ကျဉ်းတယ်ဆိုပေမယ့် ရခဲ့ရင် ရိက္ခာတွေနဲ့ပတ်သတ်ပြီး ဂိမ်းမှာအသာစီးယူနိုင်သေးတယ်….”
“ကျွန်မက ဒီလောက်ချစ်စရာကောင်းတဲ့မိန်းကလေးဟာကို………..ကျွန်မရဲ့ကံကောင်းမှုကိုပြောတဲ့အခါ ပိုယဉ်ကျေးတဲ့အသုံးအနှုန်းသုံးပေးလို့ရမလား?”
ဖူအန်သည် ဟန်ဆောင်ပြောလိုက်ကာ သူ့ဘေးတွင်ထိုင်ချလိုက်၏။ ထို့နောက်သာမန်အသံနိမ့်နိမ့်ဖြင့် ပြောလိုက်သည်။
“ဒါ့အပြင် နေရာလွတ်က ကျွန်မရှေ့မှာဆိုရင်တောင် ကျွန်မယူလို့မရနိုင်ဘူး”
“ဘာကြောင့်လဲ?”
စုဆန်ပဟေဠိဖြစ်သွား၏။