ထိုနေရာတွင် အိပ်ရာဆီသို့ ချက်ချင်းမသွားကြသေးသည့်လူအချို့ ရှိနေကြသေးသည်။
မလှမ်းမကမ်းနေရာတွင် မိန်းမတစ်ယောက်မှာ ကုတင်သို့မသွားသောကြောင့် သံလက်ကြီးဖြင့် ဖမ်းဆွဲခြင်းခံလိုက်ရသည်။
သူမမှာ သံလက်ကြီးဖြင့်ဖမ်းဆွဲခြင်းခံရလျှက် လေထဲသို့မြောက်တက်သွားသည်။ စက်ကြီး၏ နောက်လက်တစ်ဖက်မှာ သေးသွယ်သည့်တုတ်တစ်ချောင်းအဖြစ်ပြောင်းလဲသွား၏။
ထို့နောက်လူတိုင်း၏စောင့်ကြည့်နေကြသည့်မျက်လုံးအောက်တွင် ထိုအရာက သူမတင်ပါးအား ၂ ချက်ရိုက်လိုက်ပြီး သက်ဆိုင်ရာကုတင်ဆီသို့ ပစ်ပေါက်လိုက်သည်။
မိန်းမ၏မျက်နှာတွင် အလွန်ဒေါသထွက်သွားဟန်ပေါ်ပြီး ဆဲဆိုလိုက်သည်။
“ဒီလိုဖမ်းချုပ်ထားတာက တရားမဝင်ဘူး………………နင်တို့ဘာလုပ်နေကြတယ်ဆို သိကြရဲ့လား?”
ထိုအသံမှာ တိတ်ဆိတ်နေသည့်ဟောခန်းထဲတွင် သိသာစွာပေါ်ထွက်လာသည်။
အဝေးသို့ထွက်ခွာသွားသည့်သံလက်ကြီးမှာပြန်ရောက်လာပြီး ထိုမိန်းမကိုပြန်ဖမ်းလိုက်ကာ ပါးနှစ်ချက် ရိုက်ချလိုက်သည်။
သိသာစွာပင် သင်သာအိပ်ရာပေါ်သို့မသွားပဲ ကျယ်လောင်စွာပြောဆိုလျှင် ဤစက်ရုပ်ကြောင့် အဖမ်းခံရပြီး အပြစ်ပေးခံရမည်ဖြစ်သည်။
ထိုမိန်းမမှာ ဤထူးဆန်းသောအရာကြီးကိုကြည့်၍ သူမပြိုင်၍မတိုက်ခိုက်နိုင်ကြောင်း နောက်ဆုံးတွင်နားလည်လိုက်၏။ သူမက ညိုပုတ်နေသည့်မျက်နှာဖြင့် အိပ်ရာပေါ်တွင်လှဲလိုက်သော်လည်း သူမမျက်လုံးများကမူ ပတ်ဝန်းကျင်ကို ကြည့်လိုက်၏။
ဒီသံလက်တွေနဲ့ စက်ရုပ်တွေက အလယ်တန်းနဲ့အထက်တန်းကျောင်းဆောင်တွေမှာရှိတဲ့ အဆောင်မှူးတွေနဲ့တောင် တူနေပြီ.....
ဖူအန်သည် အိပ်ရာပေါ်တွင်လှဲလိုက်ရင်း တိတ်တဆိတ်တွေးလိုက်၏။
…………………………………………………………တစ်နာရီခွဲခန့်ကြာပြီးနောက် အခန်းထဲတွင် စူးစူးရှရှဘဲလ်သံမြည်လာသည်။