ထို့နောက် သူ၏လိမ္မာလှသည့်ညီမလေးက သံချွန်များထွက်နေသည့်ဘေ့စ်ဘောရိုက်တံအား ခရီးဆောင်လက်ဂေ့ထဲမှထုတ်လိုက်ကာ အကြိမ်အနည်းငယ်ဝေ့ယမ်းနေသည်ကို တွေ့လိုက်ရသည်။
ထိုအရာမှသံချွန်များမှာ လေထုကိုထိုးခွဲပြီး ကြောက်စရာကောင်းသည့်လေသံများပင် ထွက်ပေါ်နေလေသည်။
လူတစ်ယောက်ကိုသာရိုက်မိပါက မသေလျှင်တောင် ဒုက္ခိတဖြစ်သွားပေလိမ့်မည်။
အတော်ခံစားသွားရပေမည်။ဖူအန်အတော်လေးစိတ်ကျေနပ်မိသည်။ ၎င်းကိုနံရံပေါ်တွင်ချိတ်လိုက်ပြီး နောက်လှည့်ကြည့်လိုက်သောအခါ တင်းပုတ်ကို အနည်းငယ်ငေးမောနေသည့်အမူအရာဖြင့်ကြည့်နေသည့်စုဆန်ကို မြင်လိုက်ရသည်။
“အစ်ကိုစုလည်း လိုချင်လို့လား?..............ကျွန်မတစ်ခုလုပ်ပေးမယ်လေ…………..
ဒါကြီးက ကြည့်ရတာတော့ ကြောက်စရာကောင်းနေပေမယ့် သေနတ်လောက်တော့ စွမ်းအားမကြီးဘူး”
“ဒါ…….ထားလိုက်ပါတော့လေ”
အစ်ကိုတာ့ချမ်းမှာ ငြင်းလိုက်၏။ အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့လက်နက်မျိုးသည် သူကဲ့သို့ချောမောသည့်ယောကျ်ားတစ်ယောက်၏အသွင်အပြင်နှင့် မလိုက်ဖက်ခြင်းကြောင့်ပင်။
“သေနတ်တွေ စုဆောင်းရတာက တကယ်ခက်တယ်…………..ဒါပေမယ့် အတွေ့အကြုံရှိဂိမ်းမာဖြစ်တဲ့ အစ်ကိုစုလို့လူအတွက်တော့ ပြဿနာမဟုတ်ပါဘူးလေ”
စုဆန်သည် သူမအားပြုံးပြလိုက်ပြီး………..
“မနက်ဖြန်ကျရင် စောစောထ……………….
ပစ္စည်းတွေသွားယူရအောင် အစ်ကိုစုမင်းကိုခေါ်သွားမယ်”
…………………………………………………….ဂိမ်း ၂ ရက်မြောက်နေ့………….
နှစ်ယောက်စလုံး နံနက်စောစောထကြသည်။
ရိုးရှင်းသည့်နံနက်စာ စားလိုက်ကြပြီးနောက် ချက်ချင်းထွက်လာခဲ့ကြသည်။အစစ်အမှန်ကမ္ဘာတွင် စုဆန်သည် ပြိုင်ကားမောင်းသော်လည်း ဂိမ်းထဲတွင်မူ ထရပ်ကားတစ်စီးကို ဌားလိုက်၏။