“အိုကေ”
သူမ၏ငေးကြည့်နေသည့်အမူအရာကိုမြင်သောအခါ ဖုရီရှီက သူမခေါင်းကိုပုတ်လိုက်ပြီး အာရုံပြန်စိုက်စေလိုက်၏။
“ဂိမ်းရဲ့ တတိယအဆင့်ပွင့်တဲ့အချိန်ကျရင် ဂိမ်းအကြောင်းမင်းပိုသိလာမှာပါ……………..
အခု မင်းလုပ်ရမှာက ရှေ့မှာရှိနေတဲ့ကြယ်သီးကို ရွေ့အောင်လုပ်ဖို့ပဲ”ထိုသို့ပြောပြီးနောက် ဖူအန်တစ်ယောက်တည်းထားခဲ့ကာ သူထွက်သွားတော့သည်။
လက်ကြယ်သီးမှာ လုံးဝန်းပြီး သေးငယ်လှသည်။ပါးပါးဖုက လွယ်လွယ်ကူကူလေးလုပ်ပြသွားသော်လည်း သူမအတွက်မူကား………….
တစ်မနက်လုံး ထိုအခန်ထဲ၌နေကာ စိုက်ကြည့်နေခဲ့သည်။ သို့သော်လည်း ၅ မိနစ်ထက်ကြာအောင် စိုက်မကြည့်နိုင်ပေ။
ဖူအန်မျက်တောင်ခတ်လိုက်ပြီး မတ်တပ်ရပ်ကာ လေကောင်းလေသန့်ရှုရန် အပြင်ထွက်လိုက်၏။
စိုက်ကြည့်နေရခြင်းကြောင့် သူမမျက်လုံးများ ကန်းမတတ်ပင်။
………………………………………………….“ထွက်လာပြီလား”
ဖုရီရှီ၏မျက်လုံးထောင့်မှ ဖူအန်တစ်ယောက်တံခါးအပြင်ဖက်တွင် သွားနေသည်ကို မြင်လိုက်ရသည်။ သူက ဖုန်းခွက်ထဲမှဂဏာန်းအချို့ကိုနိုပ်လိုက်ပြီးနောက် အောက်ဖက်ရှိအစေခံက နေ့လယ်စာယူလာလေသည်။
ပုံမှန်အားဖြင့် ဗီလာတွင် လူတိုင်းမှာ ညစာအားအတူတူစားလေ့ရှိကြသော်လည်း နေ့ပိုင်းတွင် ကိုယ်စီအလုပ်ရှုပ်ကြသဖြင် နေ့လယ်စာကို တူတူစားလေ့မရှိကြပေ။
သူမနှင့်ဖုရီရှီသည် မဝေးလှသော်လည်း ပုံမှန်အားဖြင့် ဖူအန်သည် အခန်းထဲတွင် တစ်ယောက်ထဲသာ စားလေ့ရှိသည်။
ဤတစ်အချိန်တွင် လာရောက်ပို့ဆောင်သည့်အစားအသောက်များအားမြင်သောအခါ ဖူအန်မှာ တိုက်ရိုက်ပင် ဖုရီရှီ၏ဘေးတွင်ထိုင်ချလိုက်၏။ စားပွဲပေါ်ရှိ များပြားလှသည့်ဟင်းပွဲများအားကြည့်လိုက်ကာ လက်မြှောက်လိုက်၏။
“အစ်ကိုဖု…………….ကျွန်မ အသီးဖျော်ရည်တစ်ခွက်လောက်သောက်လို့ရမလား…………ပြီးတော့ အာလူးကြော်ကြွပ်ကြွပ်လေးရော?..”