စက်ရုပ်များ ထွက်သွားကြသည်အထိပင်။
ကပ်ဘေးမှာ နောက်ဆုံးတော့ ပြီးဆုံးသွားသည်။
လက်ကောက်ရရှိလိုက်သောလူများမှာ အတော်လေးအံ့ဩနေကြပြီး ကံဆိုးမှုကဲ့သို့ဟန်ဆောင်လာသည့် ကံကောင်းမှုအကြောင်းတွေးတောနေကြသည်။
“အာ………..ငါတို့လည်း လက်ကောက်တွေရပြီပေါ့”
ရှောင်အိုက်နှင့်သူမတို့အဖွဲ့တစ်ဝက်လောက်မှာ လက်ကောက်များရလိုက်ကြသဖြင့် စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်ကြသည်။
ထိုသည်ကိုမြင်သောအခါ ရှောင်အိုက်က စိတ်လှုပ်ရှားနေသည့်မိန်းကလေးများကိုဆွဲလိုက်ပြီး…….
“နင်တို့အသံတွေကိုလျှော့ကြစမ်း……………..
အခြားလူတွေက ပစ်မှတ်ထားမှာကိုမကြောက်ကြဘူးလား?............ဂိမ်းက ၁၈ ရက်နေ့ပဲရှိသေးတယ်………အခက်ခဲဆုံးအပိုင်းက စတောင်မစသေးဘူး……………
နင်တို့လက်ကောက်ရရင်တောင်မှ သိပ်လွယ်လွယ်လေးမတွေးလိုက်နဲ့”
ရှောင်အိုက်ကတားလိုက်သဖြင့် နောက်ဆုံးတော့မိန်းကလေးများ တည်ငြိမ်သွားကြသည်။
ဒီမိန်းကလေးတွေက လက်ကောက်တွေရလိုက်လို့ ပျော်ရွင်နေကြပေမယ့် မရလိုက်တဲ့မိန်းကလေးတွေက တစ်ဝက်လောက်ရှိသေးတယ်……….
သူတို့တွေကြားထဲမှာ ကွာဟမှုတွေဖြစ်လာမလား?............လူတွေရဲ့ နှလုံးသားက ရှုပ်ထွေးတယ်…………
ဖူအန်က ရှောင်အိုက်ကိုကြည့်လိုက်ပြီး ပေါ့ပေါ့ပါးပါးဖြင့် သတိပေးလိုက်၏။
သိ့်သော်လည်း သူမပိုဂရုစိုက်နေသည်မှာ လက်ကောက်ကိုဝတ်ထားခြင်းထက် မည်သို့ချွတ်ရမည်နည်းဟူသည့် အကြောင်းပင်။
မျက်လုံးအမြင်ကိုပဲ ယုံကြည်နေ၍ မရပေ။ ယနေ့တွင် ဤလက်ကောက်များက အာလူးပူပူလေးဖြစ်နေသော်လည်း မနက်ဖြန်တွင် ပုတ်သိုးသွားနိုင်ပေသည်။
လက်ကိုဖြတ်ခြင်းနှင့် အမ်ဗျူကိုယ်တိုင်ဖြုတ်ပေးခြင်းအပြင် တစ်ခုတည်းသောတတိယနည်းမှာ ဖူအန်စဉ်းစားမိသလောက် နေရာလွတ်ထဲသို့ထည့်လိုက်ခြင်းပင်။