အခန်း (၂၈၃) မွေးမြုခြင်းနှင့်အစားအစာ (၈)

246 38 1
                                    


ဤအကြိမ်သည် နေရာလွတ်စွမ်းရည်အားထိန်းချုပ်ရန်လေ့ကျင့်ကတည်းကဆိုလျှင် ၆ ကြိမ်မြောက် နှာခေါင်းသွေးလျှံခြင်းပင်။

တစ်ခါတစ်ရံ အချိန်ကြာကြာသုံးမိပါက ဦးနှောက်နာကျင်လာတတ်ပေသည်။
ထိုအချိန်မျိုးဆိုလျှင် ဖူအန်မှာ မျက်လုံးများမှိတ်၍တစ်ခဏကြာ အနားယူရလေသည်။

ဘဲလ်သံမြည်လာ၏။

အလုပ်သွားလုပ်ပြီး စားသောက်ရမည့်အချိန်သို့ရောက်လာပြန်သည်။
ဖူအန်မှာ အိပ်ရာပေါ်မှထလိုက်ပြီး သွားတန်းစီလိုက်၏။

ယနေ့အလုပ်မှာ သိုးများအား အစာကျွေးရန်ဖြစ်သည်။

ဖူအန်က ယနေ့အလုပ်အား ကောင်းကောင်းမွန်မွန်လုပ်ခဲ့ပြီး အဖော်များနောက်မှ တစ်လှမ်းချင်းလိုက်လာသည်။

ရုတ်တရက် သူမရှေ့မှ လူတစ်ယောက်တုန်လှုပ်စွာဖြင့် ပြေးလာနေသည်ကို မြင်လိုက်ရပြီး လူအချို့မှာ သူ့ကိုလိုက်ဖမ်းနေကြသည်။

ထိုယောကျ်ားမှာ တုန်လှုပ်ခြောက်ခြားစွာဖြင့် အကူအညီတောင်းလိုက်သော်လည်း ရှေ့မှလူများမှာ ထူးမခြားဟန်ဖြင့် စပ်စပ်စုစုကြည့်နေကြသည်။

ကစားသမားဖြစ်စေ၊ အန်ပီစီဖြစ်စေ မည်သူကမျှထွက်၍ မကူညီကြပေ။ သူတို့နှင့်မဆိုင်သလို ရှိနေကြသည်။

ကောင်းကင်တွင်ရှိနေသည့်စက်ရုပ်များက သူတို့ကိုတွေ့သွားကြပြီး ထိုယောကျ်ားအားဖမ်းလိုက်ကာ အပြစ်ပေးလိုက်၏။

တစ်ဆက်တည်းမှာပင် သူ့နောက်ကိုလိုက်လာကြသည့်လူများအား သတိပေးလိုက်သည်။
ဤသတိပေးချက်များမှာ ကစားနေသည့်အတိုင်းပင် ထူးမခြားနားလှပေ။

ထိုလူများ၏အမူအရာမှာ ယခုအချိန်တွင် ဘာမျှလုပ်မည့်ပုံမဟုတ်သော်လည်း သူတို့ပုံစံများအရ ထိုလူကို လွှတ်မည့်ပုံမပေါ်ပေ။
ဖူအန်မှာ သူတို့ဘေးတွင်ရှိနေသဖြင့် သူတို့တီးတိုးပြောနေကြသည်များကို နားစွန်နားဖျားကြားလိုက်ရသည်။

“နေရာလွတ်ပစ္စည်းရှိတဲ့ကစားသမား……….”

ထိုလူမှာ လူအုပ်ကြားတွင် ကြောက်ရွံ့စွာရပ်လျှက် ကောင်းကင်ပေါ်ရှိစက်ရုပ်များအား ကယ်တင်ရှင်ကဲ့သို့ ကြည့်လိုက်၏။

သေမင်းဂိမ်းထဲတွင် ချစ်မိခြင်း (Book 3)Where stories live. Discover now