ကားထဲသို့ဝင်ပြီးနောက် စုဆန်က အိတ်ကိုဖွင့်လိုက်၏။ အထဲတွင် ပစ္စတို ၂ လက်နှင့် ကျည် ၈၀ ရှိနေသည်။
“အစ်ကိုစု……………သူ………သူ……….ရှင့်ကိုအနိုင်မကျင့်လိုက်ပါဘူးနော်………..ဟုတ်တယ်မလား?”
ဖူအန်က စုဆန်အား အပေါ်အောက်ကြည့်လိုက်၏။
သေနတ်မှာ အလွန်အရေးကြီးလှသော်လည်း အစ်ကိုတာ့ချမ်းက သေနတ်ထက်ပို၍အရေးကြီးလေသည်။
“ဘယ်သူက ငါ့ကို အနိုင်ကျင့်နိုင်မှာလဲ”
ထိုမေးခွန်းကြောင့်စုဆန်မှာ ဝေခွဲမရဖြစ်သွားသည်။ ထို့နောက် ဖူအန်အား သူ၏အတွေ့အကြုံများကို ပြောပြလိုက်သည်။
“ဒီကျွန်းလေးကိုကြည့်စမ်း………………..
အသီးအနှံတွေ၊ ပင်လယ်စာတွေ၊ နေ့စဉ်လိုအပ်တဲ့ပစ္စည်းတွေအားလုံးစုံနေပေမယ့် အားလုံးကို သင်္ဘောနဲ့ပဲ တင်ပို့နေရတာ…………….အရေးကြီးတဲ့ပစ္စည်းတွေကို သယ်ယူတဲ့သင်္ဘောသားတွေလည်း မနည်းဘူး……….
ဒီအိမ်ရဲ့ပိုင်ရှင်ယောကျ်ားက ဒါတွေကိုလုပ်တာလေ………….မနေ့က ငါသူ့ကို ဆက်သွယ်ထားတာ”“အော်…….အော်”
ဖူအန်က စုဆန်ဆီမှ ပစ္စတိုနှင့်ကျည်ဆံများကိုယူလိုက်၏။ သူ၏ရှင်းပြချက်ကိုနားထောင်ပြီးနောက်မှ သူမသက်သာရာရသွားသည်။
ပထမဆုံး ၂ ရက်တွင် သူတို့လိုအပ်သည့်အခြေခံပစ္စည်းများကို စုဆောင်းကြပြီး ၃ ရက်မြောက်နေ့တွင် ဂိမ်းအဆုံးသတ်အတွက် လိုအပ်သည်များကို စဆင်ပြင်ဆင်ကြသည်။
ဂိမ်း ၂၀ ကျော်နီးပါးဖြတ်ကျော်ခဲ့ဖူးသည့် အတွေ့အကြုံရှိ အဆင့်မြင့်စီနီယာကစားသမားစုဆန်သည်ပင် ဖူအန်စဉ်းစားဆင်ခြင်ထားသည်ကို မဆင်ခြင်နိုင်ပေ။
နောက်တစ်ဆင့်မှာ နွေးထွေးစေမည့်အရာများကို ဝယ်ယူရန်ပင်။
စူပါမားကတ်တွင် ဤကဲ့သို့သောအရာများများစားစားမရှိပေ။ သို့သော်လည်း လွန်ခဲ့သည့် ၂ ရက်အတွင်းတွင် ၎င်းတို့ကို ဝယ်ယူသူအနည်းငယ်ရှိနေသည်။