သူတို့မှာစကားပြောနေကြပြီး ပစ္စည်းတင်သည့်လှည်းလေးကို တွန်းလာကြသည်။
အခန်းထဲရှိအစားအစာများအား တစ်ခုပြီးတစ်ခုမထည့်လာကြသည်။အစားအစာများ၏အလယ်တွင် ကစားသမားများပုန်းနေကြလေသည်။ အတားအဆီးများ တဖြည်းဖြည်းနည်းလာနေသည်ကို ကြည့်ရင်း လူတိုင်းမှာ အသက်ကိုအောင့်ထားမိလိုက်ကြသည်။
ညစောင့်နေရာမှာ အန္တရာယ်အများဆုံးနေရာပင်။
သူတို့သာနောက်ထပ်ပစ္စည်း ၂ ခု၊ ၃ ခုခန့်ထပ်ထည့်လိုက်ပါက လုံးဝပင်ပုန်းခိုနေနိုင်တော့မည် မဟုတ်။
ကံကောင်းစွာဖြင့်ပင် လှည်းလေးမှာ အစားအစာများပြည့်သွားသည်။
သူတို့ထွက်သွားကြသည်။မြေကြီးပေါ်တွင်ကပ်နေပြီဖြစ်သောလူမှာ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းတစ်ချက်ချလိုက်ကာ နောက်ထပ်တစ်နေရာရှာ၍ပုန်းရန် မတ်တပ်ရပ်လိုက်၏။
ဖူအန်သည်လည်း ဗီရိုတံခါးကိုဖွင့်၍ ထွက်လိုက်၏။ အခန်းအလယ်နေရာရှိစင်အား ကြည့်လိုက်ကာ လက်နှင့်ခြေထောက်ကိုသုံး၍ တွယ်တက်လိုက်သည်။
ဘမ်း…..ဘမ်း…..
အပေါ်ဖက်တွင်ကာထားသည့်အကာမှာ ပွင့်သွားပြီး အထဲတွင် ကြီးမားသည့်လေဝင်လေထွက်ပြွန်တစ်ခု ရှိနေသည်။
ဖူအန်က ဦးဆောင်လိုက်ပြီး ပိုက်၏အစွန်းကိုဖမ်းဆွဲလိုက်ကာ ခိုတက်လိုက်၏။ ထို့နောက် ရှောင်အိုက်အား ကြည့်လိုက်ကာ………
“နင်အဲ့မှာ ဘာကြောင်ရပ်နေတာလဲ………….လာလေ”
သိသာစွာပင် ဤနေရာသည် သိုလှောင်ခန်းထက် ပို၍လုံခြုံပေသည်။
ရှောင်အိုက်မှာ အလျှင်အမြန်နောက်မှတက်လိုက်ပြီး အခြားလူများကလည်း နောက်မှ လိုက်လာ၏။
လူများသည် တစ်ယောက်ပြီးတစ်ယောက်တက်လိုက်ကြ၏။ အပြင်ဖက်တွင် လှည်းဘီးသံမှာ တစ်ဖြည်းဖြည်းကျယ်လောင်လာသည်။
အမ်ဗျူမှာ ထပ်ရောက်လာလေပြီ…….
မတက်ရသေးသည့်လူများမှာ ပို၍ဂဏာမငြိမ်ဖြစ်လာကြသည်။