“ငါအချိန်တွက်ပြီးပြီ………..လူတိုင်းကို လူ ၂ ယောက်စီအဖွဲ့တစ်ဖွဲ့ ဖွဲ့မယ်……….အဖွဲ့တစ်ဖွဲ့စီက နာရီဝက်စီ စောင့်ရမယ်…………လောင်ကျန်းနဲ့ငါက နာရီဝက်စောင့်မယ်………….မင်းတို့ဖာသာ အဖွဲ့ဖွဲ့ကြ….
လူတိုင်းက ကစားသမားတွေပဲမလား?................ဒီအချိန်မှာတော့ မတိုက်ခိုက်ကြပါနဲ့………..
အရေးကြီးဆုံးက အတူတူအသက်ရှင်နိုင်ဖို့အတွက် ပူးပေါင်းလုပ်ဆောင်ရမှာပဲ…….
သိကြမယ်ထင်တာပဲ”ထိုလူက မတ်တပ်မရပ်ခင် ရှင်းလင်းစွာ စီမံခန့်ခွဲလိုက်၏။ လူတိုင်းကလည်း သူပြောသည်ကို သဘောတူကြသည်။
လူများမှာ အကြမ်းမျဉ်း အဖွဲ့ခွဲလိုက်ကြသည်။ ဖူအန်နှင့် ရှောင်အိုက်တို့မှာ ၅ ကြိမ်မြောက်တွင်ပင်။
လူတိုင်းမှာ ဖြန့်ခွဲလိုက်ကြပြီး ပုန်းခိုရန်အတွက် ကောင်းသည့်နေရာများကို ရွေးချယ်လိုက်ကြသည်။
ဖူအန်မှာ ဗီရိုငယ်လေးတစ်ခုထဲတွင် လဲလျှောင်လိုက်၏။
အပေါက်ကြားမှတစ်ဆင့် အပြင်ဖက်ရှိအခြေအနေအား အနည်းငယ်လှမ်းမြင်နေရလေသည်။ ထို့နောက် အိပ်ပျော်စေရန်အတွက် သက်တောင့်သက်သာရှိသောပုံစံသို့ပြောင်းလိုက်၏။
ရုတ်တရက် အလင်းရောင် ပျောက်သွားသည်။
ချက်ချင်းဖူအန်မျက်လုံးများပွင့်လာပြီး အပေါက်ကြားမှတစ်ဆင့်အပြင်ဖက်သို့ကြည့်လိုက်၏။
ညစောင့်ရှိနေသော်လည်း လူတိုင်းမှာ အလွန်သတိထားနေကြသည်။ ၅ မိနစ်၊ ၆မိနစ်ခန့်စောင့်ဆိုင်းပြီးနောက် နောက်ဆုံးတွင် တစ်စုံတစ်ယောက်က မေးလိုက်၏။
“ဘာဖြစ်တာလဲ?”
“ဘာမှမဟုတ်ပါဘူး……………အပြင်ဖက်မှာရှိတဲ့မီးတွေ မှိတ်သွားတာ”
လူတွေလိုပဲ ဒီအမ်ဗျူတွေလည်း အနားယူဖို့သွားကြတာထင်တယ်……..
ထိုသည်ကိုကြားသောအခါ လူတိုင်းမှာ အနည်းငယ်သက်သာရာရသွားသည်။
ဖူအန်မှာ လက်ထဲတွင်ကိုင်ထားသည့် မီးဖိုချောင်ဓားအား ဘေးသို့ချလိုက်ကာ ယခင်ရက်များအတွင်းကသိမ်းဆည်းထားသည့်ကြက်သားစွပ်ပြုတ်အား ထုတ်လိုက်၏။