အခန်း (၂၈၂) မွေးမြုခြင်းနှင့်အစားအစာ (၇)

261 38 2
                                    


ဖူအန်မှာ ရပ်မနေနိုင်တော့ပေ။

ဆိုင်နေရာမှ အဝေးသို့ထွက်သွားလိုက်သည်။
လူအနည်းစုကသာ ဤကဲ့သို့အစားအစာမျိုးကို စားနိုင်သည်လေ။

လမ်းအဆုံးသတ်တွင် ဆိုင် ၂ ဆိုင်ရှိနေပြီး တိရစ္ဆာန်အသံများနှင့်ဆိုးရွားသည့်အနံ့များက ဆိုင်မှ ထွက်ပေါ်နေသည်။

ဖြစ်နိုင်သည့်မှာ ပို၍ဆိုးရွားသည့်နေရာပင်။

ဖူအန်မှာ ဆက်လက်ရှာဖွေရန်အား လက်လျှော့လိုက်ပြီး ယနေ့အသားမစားချင်တော့ပေ။

သို့သော်လည်း ထိုအခိုက်တွင် လမ်းတစ်ခုလုံး၌အသီးအရွက်ရောင်းသည့်ဆိုင်မရှိကြောင်း ဖူအန်ရုတ်တရက် သတိထားမိသွားသည်။

အသီးအရွက် တစ်ခုစ၊ နှစ်စရှိနိုင်သော်လည်း ၎င်းတို့မှာ အသားများနှင့်အစားအစာပြုလုပ်ရာတွင် ဘေးကအရံမျှသာ ထည့်ထားခြင်းဖြစ်သည်။

ဖူအန်က ဘေးဖက်ဝဲယာကိုကြည့်လိုက်ပြီး ပေါ့ပေါ့ပါးပါးသာစားရန် ဆုံးဖြတ်လိုက်၏။

တစ်နေရာတွင် ဝက်သားစတူးချက်ထားသည့်ရနံ့က မွေးကြိုင်နေသည့်အတွက် သူမမှာလိုက်၏။ သို့သော်လည်း ရောက်လာသည့်ဝက်သားကိုမြင်သောအခါ သူမမြင်ခဲ့သည့် ‘၃ ခါမြောက်အော်သံ’ ဟင်းလျာကိုတွေးမိသွားစေသည်။

ထိုမြင်ကွင်းကြီးမှာ မျက်လုံးထဲမှ မထွက်နိုင်သေးချေ။
သို့သော်လည်း မှာပြီးသည့်နောက်တွင်တော့ ကုန်အောင်စားရပေတော့မည်။

ဖူအန်က ကောင်းကင်ကိုမော့ကြည့်လိုက်ပြီး ဟင်းခွက်ကိုလျှင်မြန်စွာဖြင့်ယူလိုက် နေရာလွတ်ထဲသို့ ထည့်လိုက်သည်။

ဖူအန်၏လှုပ်ရှားမှုကြောင့် ယနေ့တွင် ရုတ်တရက်ပြောင်းလဲမှုများဖြစ်လာသည်။

ရုတ်တရက်သူမခေါင်းပေါ်ရှိ အလန်းသံများမြည်လာပြီး စက်ရုပ်လက် ၂ ဖက်က သူမကို ဝန်းရံလိုက်၏။

ဖူအန်ဘာမှမလုပ်နိုင်ခင်မှာပင် လက်များကြောင့်လေထဲသို့ ဆွဲမခြင်းခံလိုက်ရသည်။

ထို့နောက်ချက်ချင်းပင် ခန္ဓာကိုယ်ရှာဖွေရာတွင် အမျိုးမျိုးသောစက်ပစ္စည်းကိရိယာများရှိနေသည့် လေးထောင့်ပုံစံအခန်းတစ်ခန်းထဲသို့ ဆွဲထည့်ခြင်းခံလိုက်ရသည်။

သေမင်းဂိမ်းထဲတွင် ချစ်မိခြင်း (Book 3)Where stories live. Discover now