အခန်း (၂၈၇) မွေးမြုခြင်းနှင့်အစားအစာ (၁၂)

146 32 0
                                    


“ဒါဆိုရင် ဖမ်းခေါ်ခံရတဲ့လူတွေ ဘယ်ရောက်သွားလဲဆိုတာ နင်သိလား?”

ခဏပြန်တွေးလိုက်ပြီးနောက် ဖူအန်က မေးခွန်းပြောင်းမေးလိုက်၏။

“သူတို့တွေက အမ်ဗျူတွေရဲ့အမိန့်ကြောင့် အဖမ်းခံရတာလား?”

တင်းတိပ်များနှင့်မိန်းကလေးက ခေါင်းညိတ်လိုက်ကာ……

“ဒါပေါ့………….နာနီ (ကလေးထိန်း) တွေကို မာစတာအမ်ဗျူတွေကပဲ အမိန့်ပေးနိုင်တာ”

“ကလေး……ကလေးထိန်း?”

ရက်ပေါင်း ၁၀ ရက်ကျော်ကြာအောင် စက်ရုပ်လက်များဟု သူမခေါ်ခဲ့သည့်ဤအရာများကို တွေးလိုက်ကာ...

“နင်က ဒါတွေကို နာနီလို့ ခေါ်တယ်လား?”

“တခြားဘာခေါ်ရမှာလဲ?”

တင်းတိပ်များနှင့်မိန်းကလေးက ဖူအန်မှာ နာနီများနှင့်အမ်ဗျူများကို မလေးမစားပြုလုပ်နေသည်ဟု သဘောပေါက်လာပြီး သူမ၏မျက်လုံးများ အေးစက်လာသည်။

“နင်ကရော ကလေးထိန်းတွေကြောင့်ပဲ ကြီးပြင်းခဲ့ရတာမဟုတ်ဘူးလား?.............

နင်ငယ်ငယ်လေးကတည်းက ထိန်းကျောင်းလာပေးခဲ့ရတာ အခုတော့ နင်က သူတို့ဘယ်သူဆိုတာ မသိတော့ဘူးပေါ့?.........

မာစတာအမ်ဗျူက နင့်ကိုလက်ကောက်ပေးခဲ့ပေမယ့် ငါတော့ နင့်အနေနဲ့ လုံးဝကိုရဖို့ထိုက်တန်တယ်လို့မထင်ဘူး……”

မိန်းကလေး၏အမ်ဗျူများအပေါ်လေးစားမှုက သူမရှေ့တွင် မည်သူမှ မေးခွန်းထုတ်မရအောင် ယုံကြည်သည့်အဆင့်သို့ ရောက်နေပြီဖြစ်သည်။

ဖူအန်က ပတ်ဝန်းကျင်အားကြည့်လိုက်ပြီး သူမ၏ပါးစပ်အားလျှင်မြန်စွာဖြင့်အုပ်လိုက်ကာ တီးတိုးပြောလိုက်၏။

“စိတ်မဆိုးပါနဲ့……………အခုတလော ငါနေလို့သိပ်မကောင်းဘူး……………..ဒါကြောင့် ငါတော်တော်များများမေ့သလိုဖြစ်နေတာပါ……..

မာစတာအမ်ဗျူက ငါတို့ဘဝရဲ့အလင်းရောင်ပဲ…………ငါတို့ကို လမ်းပြပေးတယ်…….

နာနီတွေကလည်း မှောင်မိုက်နေတဲ့အချိန်မှာ ဖယောင်းတိုင်တစ်ချောင်းလိုပဲ သူ့ကိုယ်သူ အလောင်ကျွမ်းခံပြီးတော့ ငါတို့ကို လမ်းပြပေးနေတာ………

သေမင်းဂိမ်းထဲတွင် ချစ်မိခြင်း (Book 3)Where stories live. Discover now